September 20, 2024

၆. ၉. ၂၀၂၄
Writen by Thettant

ရပ်ထားတဲ့ ကွန်တိန်နာယာဥ်ကို အိမ်စီးဖီဒါယာဥ်ငယ်တစ်စီးက နောက်ကဝင်တိုက်မိရာက ဖီဒါယာဥ်မောင်းပွဲချင်းပြီးသေဆုံးမှု စက်တင်ဘာ ၅ ရက် ညသန်းခေါင်ယံအချိန်ခန့်က ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

ဖြစ်စဥ်က စက်တင်ဘာ ၅ ရက် ည ၁၁ နာရီခွဲခန့်အချိန်မှာ ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်၊ အမှတ်(၂)လမ်းမ ၊ PRO One ဆိုင်အကျော်မှာ ရပ်ထားတဲ့ကွန်တိန်နာယာဥ်ကို အိမ်စီးဖီဒါယာဥ်က ဝင်တိုက်မိခဲ့တာဖြစ်ပြီး လူညပ်နေကြောင်းသတင်းရရှိလို့ နယ်မြေခံ အရှေ့ဒဂုံမီးသတ်စခန်းနဲ့ တောင်ဒဂုံ မီးသတ်စခန်းက ရှာဖွေကူညီရေးယာဥ်တွေအပြင် မြို့ဦးလုလင် နာရေးကူညီမှုအသင်း၊ ရှင်သန်ခွင့်လူမှုကူညီရေးအသင်း၊ ဝန်းရံမှူးလူမှုကူညီရေးအသင်း၊ အင်အားလူမှုကူညီရေးအသင်း ၊ ဒဂုံမေတ္တာ၊ မီးအိမ်ရှင် စတဲ့ ပရဟိတအသင်းတွေက သွားရောက်ကူညီခဲ့ကြတာပါ။

“ကုန်သေတ္တာတင်ယာဥ်က အောက်ကြောမှာ လမ်းဘေးရပ်ထားတာကို ဖီဒါက နောက်ကဝင်တိုက်မိပြီး ဒရိုင်ဘာဘက်တစ်ခြမ်းလုံးစုတ်ပြတ်သွားသလို လူလည်းညပ်ပြီး နေရာတင် ပွဲချင်းပြီးဆုံးသွားတာပါ။ ခက်ခက်ခဲခဲကယ်ထုတ်လိုက်ရတယ်”လို့ ပါဝင်ကယ်ဆယ်တဲ့ ပရဟိတအသင်းတစ်ခု တာဝန်ရှိသူက ပြောပါတယ်။

ယာဥ်တိုက်မှု ဖြစ်စဉ်ကြောင့် သေဆုံးသွားတဲ့ အသက် ၅၀ ဝန်းကျင်ခန့် အမျိုးသားရဲ့ရုပ်အလောင်းကို ရှင်သန်ခွင့်အသင်းလူနာတင်ယာဉ်နဲ့ မြောက်ဥက္ကလာပမြို့နယ်ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့တယ်လို့ သိရပါတယ်။

ပုံစာ။ ယာဥ်တိုက်မှုဖြစ်စဥ်မြင်ကွင်း (Photo – MFSD & မြို့ဦးလုလင် & CJ)

အမှတ်၂လမ်းမကြီး #ဖီဒါ #ကွန်တိန်နာ #လမ်းဘေး #ရောင်ပြန်ပြား #ယာဥ်တိုက်မှု #အရှေ့ဒဂုံ #MT

Leave a Reply

Your email address will not be published. Required fields are marked *