September 20, 2024

၅.၉. ၂၀၂၄
Written by Shwe Phyo

မြန်မာနိုင်ငံတွင် တပ်မတော်နှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များကြား တိုက်ပွဲများဖြစ်ပွားမှု အရှိန်မြင့်တက်နေခြင်းကြောင့် မြန်မာနိုင်ငံရှိလူဦးရေ သုံးပုံတစ်ပုံသည် လူသားချင်းဆိုင်ရာစာနာမှုအကူအညီများလိုအပ်နေကြောင်း ကုလသမဂ္ဂက သတင်းထုတ်ပြန်လိုက်သည်။

ကုလသမဂ္ဂအတွင်းရေးမှူးချုပ် ဂူတာရက်စ် ကိုယ်တိုင်ကလည်း မြန်မာနိုင်ငံ၏ လူအခွင့်အရေးအခြေအနေများကို ပြီးခဲ့သောရက်ပိုင်းတွင် သတင်းထုတ်ပြန်ခဲ့ပြီး မြန်မာနိုင်ငံသားများ လူသားချင်းဆိုင်ရာစာနာမှုအကူအညီလိုအပ်နေမှုကို
ထည့်သွင်းပြောဆိုခဲ့ကြောင်း သိရသည်။

မြန်မာနိုင်ငံတွင် ဖြစ်ပွားလျက်ရှိနေသည့် တိုက်ပွဲများကြောင့် နိုင်ငံတဝှမ်းတွင် အစားအစာမလုံခြုံမှုများ ပိုမိုဆိုးရွားနေကြောင်း၊ နေရပ်စွန့်ခွာနေထိုင်နေရသူအရေအတွက်လည်း မြင့်တက်လာနေကြောင်း ကုလသမဂ္ဂက ပြောသည်။

ကုလသမဂ္ဂ ပြောကြားမှုအရ မြန်မာနိုင်ငံရှိ လူဦးရေ သုံးပုံတစ်ပုံဖြစ်သော ၁၈ ဒသမ ၆ သန်းသည် လူသားချင်းဆိုင်ရာ စာနာမှုအကူအညီများလိုအပ်နေကြောင်း၊ အဆိုပါ လူဦးရေ ၁၈ ဒသမ ၆ သန်းအနက်မှ လူဦးရေ ၅ ဒသမ ၃ သန်းသည် လူသားချင်းဆိုင်ရာစာနာမှုအကူအညီများကို ချက်ချင်းလိုအပ်နေကြောင်း ဖော်ပြထားသည်။

မြန်မာနိုင်ငံရှိလူသားချင်းဆိုင်ရာစာနာမှုအကူအညီလိုအပ်နေသူများကို ကူညီထောက်ပံ့ပေးရန်အတွက် ရန်ပုံငွေလိုအပ်ခြင်းများရှိနေဆဲဖြစ်ကြောင်း၊ အရေးပေါ် လူသားချင်းဆိုင်ရာစာနာမှုအကူအညီပစ္စည်းများလည်း ကုန်ခမ်းနေပြီဖြစ်ကြောင်း ကုလသမဂ္ဂက ပြောသည်။

ကုလသမဂ္ဂအကြီးအကဲဖြစ်သူ ဂူတာရက်စ်က နိုင်ငံတကာအဖွဲ့အစည်းများအနေဖြင့် မြန်မာနိုင်ငံရှိ လူသားချင်းဆိုင်ရာစာနာမှုအကူအညီ လိုအပ်နေသူများကို ကူညီထောက်ပံ့ပေးနိုင်ရန် ဝိုင်းဝန်းကူညီထောက်ပံ့ပေးစေလိုကြောင်း တိုက်တွန်းတောင်းဆိုထားသည်။

REF NHK

Myanmar #japan #UN #UnitedNations #စစ်ပွဲ #NUG #အရှိန်မြင့် #တိုက်ပွဲ #ကုလသမဂ္ဂ #တရုတ် #MT

Leave a Reply

Your email address will not be published. Required fields are marked *