September 20, 2024

၅. ၉. ၂၀၂၄
Written by Thettant

၂၀၂၄ ခုနှစ် ဘလွန်းဒီအောဆု ဆန်ခါတင် အယောက် ၃၀ နာမည်စာရင်းကို France Football မဂ္ဂဇင်းက ထုတ်ပြန်လိုက်ရာမှာ ဘယ်လင်ဂမ်၊ ဗီနီးစီးယပ်စ် ဂျူနီယာတို့ပါဝင်လာပေမဲ့ စီရော်နယ်လ်ဒိုနဲ့ ပူပူနွေးနွေး ကိုပါအမေရိကဖလား ချန်ပီယံအာဂျင်တီးနားအသင်းခေါင်းဆောင် မက်ဆီတို့ ဆန်ခါတင်စာရင်းမှာ ပါဝင်လာခဲ့ခြင်းမရှိပါဘူး။

ဆန်ခါတင် ၃ နာမည်စာရင်းမှာ ပြီးခဲ့တဲ့ရာသီက လာလီဂါနဲ့ ဥရောပချန်ပီယံလိဂ် နှစ်ထပ်ကွမ်းချန်ပီယံ ရီးရဲလ်မက်ဒရစ်က ကစားသမား ၇ ဦး ရွေးချယ်ခံခဲ့ရပြီး ဗီနီစီးယပ် ဂျူနီယာ၊ ဘယ်လင်ဂမ်၊ အနားယူသွားတဲ့ တိုနီခရူးစ်၊ ဗယ်လ်ဗာဒီ၊ ရူဒီဂါနဲ့ PSG က ပြောင်းရွှေ့လာတဲ့ အမ်ဘာပေတို့အပြင် ယူရိုချန်ပီယံပါဖြစ်ခဲ့တဲ့ ကာဗာဂျယ်တို့ ရွေးချယ်ခံခဲ့ရပါတယ်။ ဒါ့အပြင် စပိန်အသင်းနဲ့မန်ချက်စတာစီးတီးအသင်း အဓိကကွင်းလယ်ကစားသမား ရိုဒရီ၊ လမိုင်း ရာမယ်၊ ဟာလန်း၊ ကာနေး၊ အိုလ်မို၊ လွတ်ခ်မန်း၊ ကိုးလ်ပါးလ်မား၊ အိုဒီဂတ်၊ ဝှတ်ဇ်၊ ဇာကာ စတဲ့သူတွေ ပါဝင်လာပါတယ်။

ဆန်ကာတင်စာရင်းမှာ ထူးခြားမှုက ၂၀၂၃ ခုနှစ် ဘလွန်းဒီအောဆုရှင်ဖြစ်သလို ကိုပါအမေရိကဖလားလည်း ရထားတာကြောင့် ဆန်ခါတင်စာရင်းပါမယ်ခန့်မှန်းထားတဲ့ ဘလွန်းဒီအော ၈ ကြိမ်ဆွတ်ခူးထားတဲ့ မက်ဆီနဲ့ ဘလွန်းဒီအောဆု ၅ ကြိမ်ဆွတ်ခူးရရှိထားတဲ့ စီရော်နယ်လ်ဒိုတို ဆန်ခါတင် နာမည်စာရင်းမှာကို ထည့်သွင်းခြင်း မခံရလို သူတို့နှစ်ဦးမပါဝင်မှုဟာ ၂၀၂၄ ခုနှစ်က ပထမဆုံးအကြိမ် ဖြစ်လာခဲ့ပါတယ်။

ဒါ့အပြင် အကောင်းဆုံးလူငယ်ကစားသမားကိုယ်စားပြု ကိုပါဆု (Kopa Award) ဆန်ခါတင် နာမည်စာရင်းမှာ လမိုင်းယာမယ်၊ ဂါနာချို၊ မိန်းဦး၊ အာဒါဂူလာ တိုပါဝင်သလို အကောင်းဆုံးအမျိုးသားဘောလုံးနည်းပြစာ ရှုးပွဲမရှိ ဖလားနှစ်လုံးချန်ပီယံ အလွန်ဆို၊ လာလီဂါနဲ့ချန်ပီယံလိဂ်ဆုရှင် အန်ဆယ်လော့တီ၊ စပိန်၊ အာဂျင်တီးနား၊ အတ္တလန်တာ၊ မန်စီးတီးနည်းပြတွေလည်း ပါဝင်လာတာ တွေ့ရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *