September 20, 2024

၅.၉.၂၀၂၄
Written by Hey Mar

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်၊ (၉၂)ရပ်ကွက်၊ ပဲခူးမြစ်လမ်းမှာ ဒီနေ့ စက်တင်ဘာ ၅ ရက် ညနေ ၅ နာရီဝန်းကျင်က ယာဉ်တစ်စီး မီးလောင်တိမ်း‌‌မှောက်မှုဖြစ်ပွားခဲ့ပြီး ယာဉ်ပေါ်ပါ လူ ၁၅ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ ကနဦး သတင်းတွေအရ သိရပါတယ်။

“မှောက်ပြီး မီးလောင်တာက ဟိုက်ဂျက် အိမ်စီးကားပါ။ကွေ့မှာ အရှိန်လွန်ပြီး မှောက်တာပါ။ အသက်ကြီးပိုင်း အမျိုးသမီးကြီးတွေနဲ့ အမျိုးသားကြီးတွေ ကားပေါ်မှာပါတယ်။ ကလေးတစ်ဦး အပါအဝင် စုစုပေါင်း ၁၅ ဦးထိခိုက်ဒဏ်ရာ ရပါတယ်။ လောင်ကျွမ်းဒဏ်ရာ ရသူတွေရော၊ ပေါက်ပြဲထိခိုက်ဒဏ်ရာတွေရောပေါ့ ” လို့ မြန်မာနိုင်ငံအရေးပေါ်ကယ်ဆယ်ရေး ဖိုက်တာကွန်ရက်အဖွဲ့ မှ တာဝန်ရှိသူက MT News ကို ပြောပါတယ်။

ဒီဖြစ်စဥ်မှာ ယာဉ်တိမ်းမှောက်မီးလောင်ကျွမ်းမှုသတင်းရရှိတာကြောင့် ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၂)စီး ထွက်ခွာငြှိမ်းသတ်ခဲ့ပြီး ၁၀ မိနစ်အတွင်း မီးငြှိမ်းသတ်နိုင်ခဲ့တယ်လို့ သိရပါတယ်။ မီးလောင်ဒဏ်ရာ ရရှိသူတွေနဲ့ ထိခိုက်ဒဏ်ရာ ရရှိသူတွေကိုတော့ YRO ကွန်ရက်အတွင်းက ပိတောက်ကွေ့ လူမှုကူညီရေးအသင်းနဲ့ တာဝန်ရှိသူတွေ ပူးပေါင်းကူညီကာ သင်္ကန်းကျွန်းစံပြဆေးရုံကြီးဆီ ပို့ဆောင်ပေးခဲ့တယ်လို့ သိရပါတယ်။

ဟိုက်ဂျက် #hijet #ကားမှောက် #မီးလောင် #MT

Leave a Reply

Your email address will not be published. Required fields are marked *