September 20, 2024

၅.၉.၂၀၂၄
Written By Thandar

ပရိသတ်ချစ်ခင်အားပေးမှုများစွာ ရရှိထားတဲ့ မင်းသမီးကြီး မြင့်မြင့်ခိုင်ရဲ့ခင်ပွန်း သီရိပျံချီဒေါက်တာ သာဉာဏ် အသက် (၇၈)နှစ်အရွယ် စက်တင်ဘာ ၃ ရက် ည ၁၁ နာရီ ၃၃ မိနစ်က ခရစ်တော်မှာ အိပ်ပျော်သွားခဲ့တာဖြစ်ပါတယ်။

“ညီအမတွေထဲမှာ အန်တီက အရင်အိမ်ထောင်ကျတာဆိုတော့လေ။ အန်တီက သမီးလေးကို မွေးပြီး ၂ နှစ်လောက်ကတည်းက အမ မကြူ@မြင့်မြင့်ခိုင်က စောင့် ရှောက်ခဲ့တာပါ။ အဲနောက်မှ ဦးသာဉာဏ်နဲ့အိမ်ထောင် ကျတာပေါ့။ မွေးထားပေမယ့် အမမြင့်မြင့်ခိုင်တို့ ဇနီးမောင်နှံကပဲ ပြုစုပျိုးထောင်ပေးခဲ့တာတာ။ အန်တီက သမီး ခိုင်နှင်းဝေကို မချစ်ပဲနေမလား။ အန်တီ့မှာ ဒီသမီးလေး တစ်ယောက်ထဲရှိတာ။ သူလည်း အန်တီ့ကိုချစ်တယ်။ ကိုယ့်လိုပဲ အမမြင့်မြင့်ခိုင်တို့ဇနီးမောင်နှံကလည်း သမီးလေးကို တအားချစ်ကြတာ။ ဦးသာဉာဏ်ကိုတောင် သူက အဖေကြီးလို့ပဲ ခေါ်တယ်။ သူ့ဘဝတစ်လျှောက်လုံး မင်းသမီးဖြစ်တော့လဲ ဒီအဒေါ်နဲ့ပဲပေါ့။ ဦးသာကလည်း အရမ်းချစ်ပြီး အလိုလိုက်တယ်။ ရှုတင်သွားရင်တောင် ကားပါပေးထားတာ။ အန်တီက မွေးရုံပဲမွေးခဲ့ရတာပါ။ သူ့ အဒေါ် နဲ့ဦးလေးကပဲ ကြည့်ရှု့စောင့်ရှောက်ခဲ့တာပါ။ သမီးအတွက် ကျေးဇူးရှင်တစ်ယောက်ပဲပေါ့။ အန်တီက ကျေးဇူးရှင်တစ်ယောက်ကို ဆုံးရှုံးခဲ့ရလို့ဝမ်းနည်းတယ်” လို့ အကယ်ဒမီ မြင့်မြင့်ခိုင်ရဲ့အမဖြစ်သူ ဒေါ်ချိုချိုမာက ပြောပါတယ်။

ဒေါက်တာသာဉာဏ်ကို မိသားစုက နောက်ဆုံးစျာပနဝတ်ပြုကိုးကွယ်ခြင်းကိုတော့ စက်တင်ဘာ ၄ ရက်နဲ့ ယနေ့ ၅ ရက်တို့မှာ ရန်ကုန်မြို့ ကလျာဏယုဝ ခရစ်ယာန်အသင်း Yangon YMCA ကနေ ရေဝေးခရစ်ယာန်ဂိုဏ်းပေါင်းစုံမှာ ဂူသွင်းသင်္ဂြိုဟ်ခဲ့ပါတယ်။ ကျန်ရစ်သူ ဒေါ်မြင့်မြင့်ခိုင်၊ သမီး ဖူးငုံ၊ တူမဖြစ်သူ ခိုင်နှင်းဝေ၊ ညီမဖြစ်သူ ဒေါ်ချိုချိုမာ စတဲ့သူတွေ တက်ရောက်ခဲ့ကြပါတယ်။

“တကယ်တော့ အမက အမေမွေးပြီးကတည်းက အဒေါ်မကြူ@မြင့်မြင့်ခိုင်က ၂ နှစ်လောက်တည်းက စောင့်ရှောက်ခဲ့တာပါ။ အမကလေ ငယ်ငယ်ထဲက မချွဲတတ်ဘူး။ တီတီတာတာ မပြောတတ်ဘူး။ ဒါပေမယ့် ရင်ထဲခံစားရတယ်။ အမဘဝမှာ အဖေမရှိခဲ့တဲ့အတွက်။ ဦးလေးဖြစ်သူကိုပဲ အဖေအရင်းတစ်ယောက်လို ခင် တွယ်ပြီးချစ်ခဲ့ရတာပါ”လို့ သရုပ်ဆောင်ခိုင်နှင်းဝေကပြောပါတယ်။

ခိုင်နှင်းဝေ #ဒေါ်ချိုချိုမာ

မြင့်မြင့်ခိုင် #MyintMyintKhaing

သီရိပျံချီဒေါက်တာသာဉာဏ်

MTEntertainment

Leave a Reply

Your email address will not be published. Required fields are marked *