September 20, 2024

၅. ၉. ၂၀၂၄
Translated by Htwe Ko Tun

တရုတ်ပြည်သူ့သမ္မတနိုင်ငံအတွက် ထောက်လှမ်းရေးလုပ်ငန်းတွေ လုပ်ဆောင်ပေးနေတယ်ဆိုတဲ့ စွဲချက်အပါအဝင် အခြားသောစွပ်စွဲချက်တွေနဲ့ နယူးယော့ခ်ပြည်နယ် အုပ်ချုပ်ရေးမှူးနှစ်ဦးလက်ထက်မှာ အုပ်ချုပ်ရေးမှူးလက်ထောက်အဖြစ်ဆောင်ရွက်ခဲ့သူ လင်ဒါဆန်နဲ့ သူမရဲ့ခင်ပွန်းတို့ကို စက်တင်ဘာလ ၃ ရက်က ဖမ်းဆီးတရားစွဲခဲ့ပြီးနောက်နေ့ စက်တင်ဘာလ ၄ ရက်မှာ တရုတ်နိုင်ငံ၏ကောင်စစ် ဝန်ချုပ်ဖြစ်သူမှာလည်း နယူးယေ့ာခ်မြို့ သံတမန်အသိုင်းအဝန်းမှထွက်ခွာရတော့မည်ဟု နယူးယော့ခ် ပြည်နယ် အုပ်ချုပ်ရေးမှူး Kathy Hochul က ပြောကြားခဲ့ပါတယ်။

“တရုတ်နိုင်ငံရဲ့ ကောင်စစ်ဝန်ချုပ်ကို နယူးယော့ခ် သံတမန်အသိုင်းအဝိုင်းမှာဆက်မထားတော့ဖို့၊ လုံးဝနှင်ထုတ်ဖို့ ကျွန်မကို အကြောင်းကြားချက်ရရှိထားပါတယ်။ ကျွန်မ ကိုယ်တိုင်လည်း တရုတ်နိုင်ငံရဲ့ အန္တရာယ်ရှိပြီး ရိုင်းစိုင်းလှတဲ့ ဒီလုပ်ရပ်ကို သင့်တော်တဲ့အရေးယူ တုံ့ပြန်မှုပြုဖို့ နိုင်ငံခြားရေးဝန်ကြီးဌာနကို အကြောင်း ကြားခဲ့ပါတယ်” လို့ Kathy Hochul က တရုတ်အစိုးရရဲ့ အမေရိကန်နိုင်ငံမှာ သူလျှိုအဖြစ်ဆောင်ရွက်ပေးသူတွေထားခဲ့မှုကိုရည်ညွှန်း ပြောခဲ့ပါတယ်။

တရုတ်နိုင်ငံရဲ့ အမေရိကန်နိုင်ငံဆိုင်ရာ ကောင်စစ်ဝန်ချုပ်ဖြစ်တဲ့ Huang Pin ကတော့ Kathy Hochul က သတင်းထောက်တွေကို ခုလိုပြောပြီးလို့ နာရီပိုင်းလောက်အတွင်းမှာပဲ မန်ဟတ်တန်ရပ်ကွက်ရှိ ကောင်စစ်ဝန်အဆောက်အအုံက စက်တင်ဘာလ ၄ ရက် နံနက်မှာ ထွက်ခွာသွားခဲ့ပါတယ်။

အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ မက်သယူးမေလ်လာက “တရုတ်ကောင်စစ်ဝန်ချုပ်ကို နှင်ထုတ်တာမဟုတ်ပါဘူး။ ကျွန်တော်တို့နားလည်တာကတော့ ကောင်စစ်ဝန်ချုပ်အနေနဲ့ ဩဂုတ်လမှာ ပုံမှန်အလှည့်ကျကာလပြီးဆုံးလို့ ထွက်သွားတာပါပဲ။ နှင်ထုတ်တာမျိုးမရှိပါဘူး။ သူ့တာဝန်တွေကို သူဆက်လက်ဆောင်ရွက်နေပါတယ်။ မီဒီယာတွေအနေနဲ့ သတင်းအမှားတွေမပြုလုပ်ကြဖို့ မျှော်လင့်ပါတယ်” လို့ သတင်းစာရှင်းပွဲမှာပြောခဲ့ပါတယ်။

တရုတ်အစိုးရနဲ့ တရုတ်ကွန်မြူနစ်ပါတီတို့အတွက် ထောက်လှမ်းရေးလုပ်ပေးခဲ့လို့ ဖမ်းဆီးခံခဲ့ရတဲ့ လင်ဒါဆန်ကို နယူးယော့ခ်ပြည်နယ်အစိုးရက အုပ်ချုပ်ရေးမှူး Cuomo လက်ထက်မှာ စတင်ခန့်ခဲ့တာပါ။

Ref- New York Post

China #usa #တရုတ် #အမေရိကန် #Spy #သူလျှို #MT

Leave a Reply

Your email address will not be published. Required fields are marked *