September 20, 2024

၅.၉. ၂၀၂၄
Written by Shwe Phyo

ထိုင်းနိုင်ငံ၊ ပတ်ချာဘူရီပြည်နယ်ရှိ Khao Yoi ရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များသည် မြန်မာအမျိုးသမီးနှစ်ဦးထံက ရွှေဆွဲကြိုးကို လုယူခဲ့သော ထိုင်းနိုင်ငံသားအား စက်တင်ဘာ ၄ ရက်နေ့တွင် ဖမ်းဆီးလိုက်ကြောင်း သိရသည်။

ထိုင်းနိုင်ငံတွင်နေထိုင်နေသည့် မြန်မာအမျိုးသမီးများဖြစ်သော မဇင်နှင်းလှိုင်နှင့် မဇင်ဦးတို့သည် ထိုင်းဘတ် ၇ သောင်းတန်ကြေးရှိ ရွှေဆွဲကြိုးလုယူခံရမှုကို ထိုင်းရဲတပ်ဖွဲ့ထံ တိုင်တန်းခဲ့ပြီးနောက် ထိုင်း Khao Yoi ရဲစခန်းမှ ရဲမှူးကြီး Thip Khengkhum ဦးဆောင်သောရဲတပ်ဖွဲ့ဝင်များသည် ဖမ်းဆီးနိုင်ရန် ကြိုးပမ်းခဲ့ရာ အသက် ၃၂ နှစ်အရွယ်ရှိ ထိုင်းနိုင်ငံသား ဆာရက်သာဆိုသူကို ဖမ်းဆီးနိုင်ခဲ့ကြောင်း သိရသည်။

ဆာရက်သာ ဆိုသူသည် ရက်ချာဘူရီပြည်နယ် Amphoe Khao Yoi အရပ်ဒေသ အမှတ် (၁)ကျေးရွာအနီးရှိ Phetkasem လမ်းတွင် မြန်မာအမျိုးသမီးထံမှ လုယက်မှုကျူးလွန်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

မြန်မာအမျိုးသမီးနှစ်ဦးက ၎င်းတို့သည် အိမ်ကို ပြန်လာချိန်တွင် Phetkasem လမ်းတွင် လုယက်ခံရခြင်းမျိုးဖြစ်ကြောင်း ရဲစခန်းတွင် တိုင်ကြားထားသည်။ ထိုင်းနိုင်ငံသားဆာရက်သာကိုယ်တိုင်က ၎င်းသည် မြန်မာအမျိုးသမီးများထံမှ ရွှေဆွဲကြိုးကို လုယက်ခဲ့ကြောင်း၊ အဆိုပါရွှေဆွဲကြိုးကို လောင်းကစားကြွေးပေးရန်အတွက် ရောင်းချခဲ့ကြောင်း ဝန်ခံပြောဆိုထားသည်။

ထိုင်းရဲတပ်ဖွဲ့သည် လုယက်သူ ထိုင်းနိုင်ငံသားကို လုယက်မှု၊ ခိုးမှုများဖြင့်လည်း စွဲချက်တင်ထားပြီး အသေးစိတ် စုံစမ်းစစ်ဆေးနေကြောင်း သိရသည်။

အဆိုပါထိုင်းနိုင်ငံသားသည် မြန်မာအမျိုးသမီးထံမှ ရွှေဆွဲကြိုးကို လုယူရန်အတွက် ဆိုင်ကယ်ကို ခိုးယူခြင်းများလည်းရှိခဲ့ကြောင်း သိရသည်။ ထိုင်းနိုင်ငံသားသည် လုယက်မှုကျူးလွန်ရာတွင် Honda Super Club အမျိုးအစား ဆိုင်ကယ်ကိုလည်း ခိုးယူခဲ့ခြင်းများရှိခဲ့ကြောင်း ထိုင်းရဲတပ်ဖွဲ့ကပြောသည်။

REF 77 kaoded

Leave a Reply

Your email address will not be published. Required fields are marked *