September 20, 2024

၅. ၉. ၂၀၂၄
Written by Nay Moe

စက်​လှေတစ်စီးနှင့် ဆိုင်ကယ်တစ်စီးကို လုယက်လိုက်ပြီး လူတစ်ဦးကို သတ်ဖြတ်လိုက်သည်ဟု NUG ဩဇာခံ ပုသိမ်ကြီးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က ယနေ့ ဝန်ခံချက် ထုတ်ပြန်ထားသည်။

ဖြစ်စဥ်မှာ မန္တလေးတိုင်း ပုသိမ်ကြီးမြို့နယ် ကျွန်းဆင်ရွာရှိ ဦးညီလွင်ဆိုသူသည် ဧရာဝတီမြစ်အတွင်းကင်းလှည့်ရာတွင်လည်းကောင်း၊ ဧရာဝတီမြစ်ရိုးတစ်​လျှောက်ရှိရွာများကို စစ်ကြောင်းထိုးရာ၌လည်း ကောင်း သံခွံရေယာဉ်ဖြင့် အားပေးကူညီနေခြင်းကြောင့် ဩဂုတ်လ ၃၀ ရက် ည ၉ နာရီကျော်တွင် ပုသိမ်ကြီးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့မှ ဝင်ရောက်သတ်ဖြတ်သော်လည်း ခုခံထွက်ပြေး၍ ပစ်ခတ်ရာ ဦးညီလွင်မှာ ကျည် ထိမှန်သော်လည်း လွတ်မြောက်သွားသည်ဟု သိရသည်။ ထိုအတွက် ဦးညီလွင်ပိုင် သံခွံရေယာဉ်နှင့် ဆိုင်ကယ်တစ်စီးအား လုယက်သိမ်းယူခဲ့သည်ဟု အသိပေးဝန်ခံထားသည်။

ထိုအတူ ပုသိမ်ကြီးမြို့နယ် ကျွန်းဆင်ရွာ အုပ်ချုပ်ရေးမှုး ဦးသိန်းစိုးကိုလည်း ထိုနေ့တွင်ပင် ဝင်ရောက်သတ်ဖြတ်ရာ နေအိမ်၌မရှိ၍ သားဖြစ်သူကို အပြစ်ပေး(သတ်ဖြတ်)ခဲ့သည် ဟုလည်း ပုသိမ်ကြီးပကဖ၏ Telegram တွင် ဖော်ပြထားသည်။

ပုသိမ်ကြီးပကဖသည် ဩဂုတ် ၁၀ ရက် ည ၈ နာရီကလည်း ဘန့်‌မွှေးကျေးရွာမှ ဦးကျော်မင်းဆိုသူကို သတ်ဖြတ်ခဲ့သလို ဇူလိုင် ၂၇ ရက် မနက် ၉ နာရီကျော်အချိန်ကလည်း မစောကေသီဆိုသည့် အမျိုးသမီးတစ်ဦးကို ဘုရားသိမ်တောင် မိဦးကာဂျာ ကင်မွန် အနား၌ သတင်းပေး ဒလန်ဟုဆိုကာ သတ်ဖြတ်ထားသည့် အဖွဲဖြစ်သည်။

Leave a Reply

Your email address will not be published. Required fields are marked *