September 20, 2024

၅.၉.၂၀၂၄
Written by Hey Mar

နာရေးအိမ်ကနေ ဆိုင်ကယ်နဲ့အပြန် အရှိန်မထိန်းနိုင်ဘဲ သစ်ပင်ကိုဝင်တိုက်မိလို့ ဆိုင်ကယ်စီးနင်းသူ သေဆုံးတဲ့ ဖြစ်စဉ် မွန်ပြည်နယ်၊ သထုံမြို့မှာ ဒီနေ့ စက်တင်ဘာ ၅ ရက် မနက်အစောပိုင်းက ဖြစ်ပွားခဲ့တယ်လို့ ဒေသခံ လူမှုကူညီရေး အသင်းထံကနေသိရပါတယ်။

ဖြစ်စဥ်က သထုံမြို့၊ လိပ်အင်းကုန်းအဆင်း ‘အောင်’ ဆိုင်ကယ်ပြင်ဆိုင်ရှေ့မှာ ဖြစ်ပွားခဲ့တာလို့ သိရပါတယ်။ သထုံမြို့၊ ကျောင်းကုန်းမင်းလမ်းနေထိုင်သူ အသက်(၄၅) နှစ်အရွယ်ဦးကျော်သီဟက ရွာဦးက နာရေးအိမ်ဆီ သွားရောက်ပြီး နံနက် ၁ နာရီခွဲအချိန်ခန့်မှာ မိမိနေအိမ်ကို ဆိုင်ကယ်မောင်းပြီး ပြန်လာခဲ့ရာ လိပ်အင်းကုန်းအဆင်းအောင်ဆိုင်ကယ်ပြင်ဆိုင်ရှေ့က သစ်ပင်ကို အရှိန်မထိန်းနိုင်ဘဲ ဝင်ရောက်တိုက်မိခဲ့တာလို့ မြေပြင်အကူအညီ သွားရောက်ခဲ့တဲ့ အကြင်နာတွဲလက် လူမှုကူညီရေးအသင်းထံက သိရပါတယ်။

အသင်းတာဝန်ရှိသူက ‘” ဇက်ကျိုး ၊ ခါးကောပေါ့။ မျက်နှာနဲ့ ခြေလက် တွေမှာလည်း ပြင်းထန်ထိခိုက်ဒဏ်ရာ‌ရတယ်။ သူတစ်ဦးတည်း ပြန်လာတာပါ ။ နေရာတင်ပဲ သေဆုံးတာပါ ” လို့ ပြောပါတယ်။

သေဆုံးသူရဲ့ ရုပ်အလောင်းကို ကြင်နာတွဲလက်အသင်း (သထုံ)ပရဟိတလူငယ်တွေက ထုပ်ပိုးသယ်ဆောင်ကာ သထုံပြည်သူ့ဆေးရုံကြီး(ရင်ခွဲရုံ)ဆီ အသင်းပိုင်ယာဉ်နဲ့ ကူညီပို့ဆောင်လိုက်တယ်လို့ သိရပါတယ်။

သထုံ #နာရေး #ဆိုင်ကယ်တိုက် #သန်းခေါင် #MT

Leave a Reply

Your email address will not be published. Required fields are marked *