September 20, 2024

၅.၉.၂၀၂၄
Written by TZ

ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်တောင်ပိုင်းခရိုင်၊ ကွမ်းခြံကုန်းမြို့နယ်၊ မရမ်းကျေးရွာတွင် နေထိုင်သည့် အမျိုးသားတစ်ဦး အင်္ဂလိပ်ဆေးသောက်ပြီး မြန်မာဆေးသောက်မိရာက သေဆုံးမှုဖြစ်ပွားခဲ့ကြောင်း ကူညီပေးသည့် မုဒိတာပရဟိတအသင်းမှ သိရသည်။

ဖြစ်စဉ်မှာ စက်တင်ဘာလ ၃ ရက် ည ၈ နာရီခွဲအချိန်တွင် မရမ်းကျေးရွာနေဆိုသူ ဦးချစ်လှိုင်မှာ အင်္ဂလိပ်ဆေးသောက်ပြီးနောက် မြန်မာဆေးကို ထပ်သောက်ခဲ့ရာမှ မူးမေ့လဲကျသွားသောကြောင့် ကွမ်းခြံကုန်းဆေးရုံသို့ မုဒိတာလူမှုပရဟိတအသင်းမှ ပို့ဆောင်ခဲ့ပြီး ဆေးရုံ၌ ဆေးကုသမှုခံယူနေစဉ်အတွင်း ည ၉ နာရီ ၄၅ မိနစ်အချိန်တွင် သေဆုံးသွားကြောင်း သိရသည်။

“အင်္ဂလိပ်ဆေးသောက်ပြီးတော့ ဆရာ… ဆေးသောက်လိုက်တာ။ အဲ့ဒီမှာဖြစ်သွားတာ။ ဆေးရုံမှာ ဆေးကုရင်း နာရီဝက်ကြာတော့ဆုံးသွားတာ”ဟု မုဒိတာလူမှုပရဟိတအသင်းမှ တာဝန်ရှိသူတစ်ဦးက MT News သို့ ပြောသည်။

အင်္ဂလိပ်ဆေးနှင့် မြန်မာဆေးသောက်မိ၍ သေဆုံးရသည်ဆိုသည့် ဦးချစ်လှိုင်မှာ အသက် (၅၈) နှစ်အရွယ်ကြောင်း၊ ရုပ်အလောင်းကို နေအိမ်သို့ပြန်လည်ပို့ဆောင်လိုက်ကြောင်း သိရသည်။

ဓာတ်ပုံ – မုဒိတာလူမှုပရဟိတအသင်း

Leave a Reply

Your email address will not be published. Required fields are marked *