September 19, 2024

၅.၉. ၂၀၂၄
Written by Shwe Phyo

ထိုင်းရဲတပ်ဖွဲသည် မြန်မာအမျိုးသမီးငယ်တစ်ဦးကို ပြန်ပေးဆွဲခဲ့သူအဖြစ် စွပ်စွဲခံထားရသော မြန်မာနိုင်ငံသားတစ်ဦးကို စက်တင်ဘာ ၄ ရက်နေ့က ဖမ်းဆီးလိုက်ကြောင်း သိရသည်။

အသက် ၃၇ နှစ်အရွယ်ရှိ မြန်မာအမျိုးသမီးတစ်ဦးက ၎င်း၏သမီးဖြစ်သူသည် ဘန်ကောက်မြို Bang Khae အရပ်ဒေသရှိဈေးနားတွင် လမ်းလျှောက်လာချိန်အတွင်း ဖမ်းဆီးခံရပြီးနောက် အိမ်ကို ပြန်လာခြင်းမျိုးမရှိကြောင်း ရဲစခန်းတွင် အမှုဖွင့်ခဲ့ကြောင်း သိရသည်။ ထိုအတွက် ထိုင်းရဲတပ်ဖွဲ ရဲမှူးကြီး Pramote Chanboonkaew ဦးဆောင်သော ရဲတပ်ဖွဲသည် အသက် ၁၅ နှစ်အောက် အရွယ်ရှိ အမျိုးသမီးငယ်တစ်ဦး ပြန်ပေးဆွဲခံရသည်ဆိုသော သတင်းတိုင်တန်းချက်ကို လက်ခံရရှိခဲ့ပြီးနောက် စုံစမ်းစစ်ဆေးခဲ့ရာ မြန်မာနိုင်ငံသားတစ်ဦးကို စက်တင်ဘာ ၄ ရက်နေ့တွင် ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း၊ ထိုင်းရဲတပ်ဖွဲက မြန်မာနိုင်ငံသား ကောင်းရှင်မောင်ဆိုသူအား အမျိုးသမီးငယ်တစ်ဦးကို ဖမ်းဆီးခေါ်ဆောင်မှုဖြင့် ဖမ်းဆီးလိုက်ကြောင်း သတင်းထုတ်ပြန်ခဲ့သည်။

ထိုင်းရဲတပ်ဖွဲသည် ဖမ်းဆီးခံမြန်မာနိုင်ငံသားထံမှ အသက် ၁၅ နှစ်အောက်အမျိုးသမီးတစ်ဦးကို ပြန်လည်ခေါ်ဆောင်နိုင်မှုနှင့်အတူ မူးယစ်ဆေးဝါးများကိုလည်း စစ်ဆေးတွေ့ရှိခဲ့ကြောင်း သတင်းထုတ်ပြန်ထားသည်။

မြန်မာနိုင်ငံသား ကောင်းရှင်မောင်နှင့် အသက် ၁၅ နှစ်အရွယ်အောက် အမျိုးသမီးငယ်တိုသည် တစ်ဦးနှင့်တစ်ဦးချစ်ကြိုက်နေသူများဖြစ်ပြီး Rajaphibat အမည်ရှိ ဟိုတယ်တွင်အခန်းငှားရမ်း အတူနေထိုင်ခဲ့ကာ လိင်ပိုင်းဆိုင်ရာ ဆက်ဆံခြင်းများရှိခဲ့ကြောင်း အမျိုးသမီးငယ်က ဝန်ခံပြောဆိုခဲ့ကြောင်း သိရသည်။

ဖမ်းဆီးချိန်အတွင်း မြန်မာနိုင်ငံသား ကောင်းရှင်မောင်သည် မူးယစ်ဆေးဝါးသုံးစွဲထားသည့်ပုံစံမျိုးရှိခဲ့ပြီး အသက် ၁၅ နှစ်အရွယ်အောက် အမျိုးသမီးငယ်ကိုလည်း မူးယစ်ဆေးဝါးသုံးစွဲရန် ခိုင်းစေခြင်းများရှိခဲ့ကြောင်း ထိုင်းရဲတပ်ဖွဲက သတင်းထုတ်ပြန်ထားသည်။ထိုင်းရဲတပ်ဖွဲသည်အသက် ၂၅ နှစ်အရွယ်ရှိ မြန်မာနိုင်ငံသားကို အသက် ၁၅ နှစ်အရွယ်အောက်အမျိုးသမီးငယ်အား မိဘများ၏ ခွင့်ပြုချက်မရဘဲ တရားမဝင်ခေါ်ဆောင်မှု၊ တရားမဝင်အုပ်ထိန်းမှု၊ လိင်ဆက်ဆံမှုများအတွက် စွဲချက်တင်သွားမည်ဖြစ်ကြောင်း ပြောသည်။

REF cops-magazine

Leave a Reply

Your email address will not be published. Required fields are marked *