September 19, 2024

၄ .၉.၂၀၂၄
Written by Hey Mar

ရန်ကုန်မြို့၊ မြောက်ဒဂုံ (၄၈) ရပ်ကွက်မှာ ဒူးလောက်မြုပ်တဲ့‌ရေမြောင်းထဲ ရေနစ်သေဆုံးနေပြီး ပုပ်ပွကာ အနံ့တွေထွက်လာတော့မှ ဘေးပတ်ဝန်းကျင်က သိရှိဆယ်ယူရတဲ့ဖြစ်စဉ်ကို မနေ့က စက်တင်ဘာ ၃ ရက်နေ့ ညနေပိုင်းမှာ သွားရောက်ကူညီ သယ်‌ဆောင်‌ပေးခဲ့တဲ့ မြောက်ဒဂုံအခြေစိုက် ဝန်းရံမှူးလူမှုကူညီ‌ရေး အသင်းထံကနေ သိရပါတယ်။

ဖြတ်သွားဖြတ်လာများတဲ့ လမ်းလည်းဖြစ်ပြီး လမ်းဘေးရေမြောင်းဖြစ်‌ပေမယ့် ရေစီးကြောင့် အလောင်းက တဲအောက်ထဲ ရောက်နေကာ ဝတ်ထားတဲ့ အဝတ်စက တဲမှာချိတ်မိပြီး ရက်အတော်ကြာရေထဲနစ်နေခဲ့ပုံရတယ်လို့ ဝန်းရံမှူး တာဝန်ရှိသူက ဆိုပါတယ်။

“သူကလည်း ၄၈ ရပ်ကွက် ကျူးကျော်မှာနေတဲ့သူပဲ။ သေတာကတော့ သူနေတဲ့ နေရာက မြောင်းမဟုတ်ဘူး။ ငြိနေတဲ့ တဲကလည်း ဆိုက်တွဲဂိတ်လိုပေါ့။ မြောင်းနှုတ်ခမ်းပေါ်တင်ဆောက်ထားတဲ့ တဲအောက်ငြိနေတာ။ အနံ့တွေ ထွက်လာမှာ ရှာကြလို့ သိရတာပါ။ ရေတိမ်မှာနစ်‌သေတာတောင် သူ့အဖြစ်က ပုပ်ပြီးအလောင်းပေါ်မှ လူသိရတဲ့ အဖြစ်ဗျာ” လို့ ဝန်းရံမှူးတာဝန်ရှိသူက MT News ဆက်သွယ်မေးမြန်းတာကို ပြန်လည်ဖြေကြားပါတယ်။

သေဆုံးသူရဲ့ ရုပ်အ‌လောင်းကို ဝန်းရံမှူးလူမူကူညီကယ်ဆယ်ရေးအသင်းက ဆယ်ယူကာ မြောက်ဥက္ကလာပဆေးရုံဆီ ပို့ဆောင်ပေးခဲ့တယ်လို့ သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *