September 19, 2024

၄. ၉. ၂၀၂၄
Written by Nyein Kyaw

ပြီးခဲ့သည့် ဇူလိုင်နှင့် ဩဂုတ် နှစ်လအတွင်း ရွှေတိဂုံစေတီတော်မြတ်ကြီးသို့ အလှူရှင်ပေါင်း ၁၉၃ ဦးက ‌ရွှေစင်‌ရွှေပြား ၁၁၂ ချပ်အပါအဝင် ကျပ်သိန်းပေါင်းနှစ်သောင်းကျော် လှူဒါန်းခဲ့ကြောင်း ရွှေတိဂုံစေတီတော် ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့မှ သိရသည်။

ရွှေတိဂုံစေတီတော်မြတ်ကြီးသို့ စေတနာသဒ္ဓါတရားထက်သန်စွာ လှူဒါန်းထားရှိသော ငွေကျပ်တစ်သိန်းနှင့်အထက် အလှူရှင်များအား ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့က (၅၈၈) ကြိမ်မြောက် ထုတိအနုမောဒနာ ချီးကျူးဂုဏ်ပြုမှတ်တမ်းလွှာပေးအပ်ပွဲနှင့် လှူဒါန်းမှုအစုစုတို့အတွက် ရေစက်ချအလှူတော်မင်္ဂလာအခမ်းအနားကို စက်တင်ဘာလ ၃ ရက်(ယမန်နေ့)တွင် ရွှေတိဂုံစေတီတော်ရင်ပြင် တောင်ဘက်မုခ်ရှိ ရှေးဟောင်းဗုဒ္ဓရုပ်ပွားတော်များ တန်ဆောင်း၌ ကျင်းပခဲ့ခြင်းဖြစ်သည်။

အလှူငွေပေးအပ်လှူဒါန်းပွဲတွင် ၂၀၂၄ ခုနှစ် ဇူလိုင် ၁ ရက်မှ သြဂုတ် ၃၁ ရက်အထိ ရွှေသင်္ကန်းတော် ရွှေပြားအလှူရှင် ၉၀ ဦးက ခြောက်ကျပ်သား ရွှေပြား ၉ ချပ်၊ သုံးကျပ်သား ရွှေပြား ၇ ချပ်နှင့် တစ်ကျပ်သား ရွှေပြား ၉၆ ချပ် စုစုပေါင်း ရွှေစင်ရွှေပြား ၁၁၂ ချပ် လှူဒါန်းခဲ့ပြီး ငွေသားအလှူရှင် ၁၀၃ ဦးအပါအဝင် စုစုပေါင်းလှူဒါန်းငွေ ၂,၀၇၈,၃၂၀,၅၉၇ ကျပ် (ကျပ်သိန်းပေါင်းနှစ်သောင်းကျော်) ဖြစ်ကြောင်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *