September 19, 2024

၄.၉.၂၀၂၄
Written By Thandar

ပရိသတ်ချစ်ခင်အားပေးမှုများစွာရရှိထားတဲ့ သရုပ်ဆောင် ဟိန်းဝေယံကတော့ မိသားစုရိုမန့်ဒရာမာ ဇာတ်လမ်းပုံစံ “ဆက်ထုံး” ဇာတ်လမ်းတွဲမှာ မိသားစုကိုအရမ်းချစ်ပြီးတန်ဖိုးထားတဲ့ စီးပွားရေးလုပ်ငန်းရှင် သူရိန်လင်းရောင်ကာရိုက်တာနဲ့မြင်တွေ့ရမှာပါလို့ဆိုပါတယ်။

“ကျွန်တော်က ဒီဇာတ်လမ်းတွဲမှာ သူရိန်လင်းရောင်ဆိုတဲ့ ကောင်လေးပေါ့။ သူရိန်က စီးပွားရေးလုပ်ငန်းရှင်တစ်ယောက်ပေါ့။ မိသားစုကိုလည်း အရမ်းချစ်ပြီးမှ တန်ဖိုးထားတဲ့ပုံစံမျိုးပါ။ တချို့အရာလေးတွေမှာ ဗျာများတာတွေပါပါတယ်။ ဇာတ်လမ်းပုံစံလေးက မိသားစု ဒရာမာရိုမန့်ဇာတ်လေးပါ။ အိမ်ထောင်ရေးပုံစံမျိုးလေးတွေလည်း ပါပါတယ်။ ဒီကားမှာ နန်းဆုဦးရယ်၊ ထွန်းပုလဲရတနာတို့ တကယ့်ကို အားစိုက်ကြိုးစားထားကြပါတယ်။ ကျွန်တော့်အနေနဲ့ ဒီဇာတ်လမ်းတွဲမှာတော့ နှစ်ယောက်လုံးကို ချစ်တဲ့သူပေါ့နော်။ ကျွန်တော့်အနေနဲ့ သူရိန်ရဲ့ ကာရိုက်တာကို သဘောကျလို့ ရိုက်ကူးဖြစ်တာပါ။ ပရိသတ်တွေ မြင်နေကြမဟုတ်ဘဲ လူငယ်ပိုင်းနဲ့လူကြီးပိုင်းနေရာက မြင်ရမှာပါ”လို့ သရုပ်ဆောင် ဟိန်းဝေယံက ပြောပါတယ်။

အဆိုပါ ဇာတ်လမ်းတွဲကို ဇာတ်လမ်း ယွန်းသခင်၊ ဇာတ်ညွှန်းပိုင်းကို ယွန်းသခင်၊ ဖြိုးသဥ္ဇာကျော်၊ အင်ကြင်းဦးနဲ့ ယုန်လေး တို့ကရေးသားပြီးတော့ ဒါရိုက်တာဦးသိန်းဟန်(ဖီးနစ်)က သရုပ်ဆောင်တွေဖြစ်တဲ့ ဟိန်းဝေယံ၊ နန်းဆုဦး၊ ထွန်းပုလဲရတနာ၊ နေမျိုးအောင်၊ နေဆန်း၊ သုန္ဒြေဦး၊ သာသာ၊ မင်းအာကာ၊ ရဲရင့်မောင်မောင်၊ နှင်းဝတ်ရည်ကျော်၊ မိမွန်မြတ်သူ၊ မေသွယ်တို့က ပါဝင်ထားကြပါတယ်။

“ဒီကားနာမည်လေးကတော့ ကြိုးတစ်ချောင်းက အသစ်ဆိုရင် ဆက်ရာမရှိဘူးလေ။ တစ်ခါလောက် ပြတ်ပြီးသွားရင်တော့ ပြန်ဆက်လည်း အဲ့ဒီနေရာမှာ အဖုအထစ်၊ ဆက်ထုံးဆိုတာရှိသွားပြီး နဂိုအတိုင်း ပြန်မဖြစ်နိုင်တော့ဘူး။ ဒါကြောင့် ဒီကားနာမည်လေးက ဆက်ထုံး ဖြစ်သွားတာပါ”လို့ သူက ဆက်ပြောပါတယ်။

အပိုင်း ၂၀ စာ ပါဝင်မယ့် “ဆက်ထုံး” ဇာတ်လမ်းတွဲကို ပြီးခဲ့တဲ့ညဩဂုတ်လ ၂ဘရက်နေ့က စတင်ပြီး အပတ်စဥ် တနင်္လာ၊ ဗုဒ္ဓဟူး၊ သောကြာ၊ စနေ၊ တနင်္ဂနွေနေ့တွေရဲ့ ည ၇ နာရီတိုင်း Mahar Application မှာ ထုတ်လွှင့် ပြသနေပြီလည်း ဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *