September 20, 2024

၄. ၉. ၂၀၂၄
Written by Nay Moe

AA စစ်ဦးစီးချုပ် ထွန်းမြတ်နိုင်က ဧရာဝတီအယ်ဒီတာချုပ်အောင်ဇော်နဲ့ “ကျနော်တို့မှာ ခိုင်မာတဲ့အထောက် အထားတွေရှိတယ်” ခေါင်းစဥ်တပ်ပြီး အင်တာဗျုးပြုလုပ်ရာမှာ Naing Group ကို မောင်းတော၊ ဘူးသီးတောင်က ကြံခိုင်ရေးပါတီဝင်တွေ၊ AA ကို Counter Balance လုပ်ဖို့ ARSA ကို ဖန်တီးဖို့၊ ဒေါ်အောင်ဆန်းစုကြည်အစိုးရကိုဖြုတ်ချဖို့ဆိုတဲ့ စွပ်စွဲမှုတွေက မှားယွင်းတယ်လို့ Naing Group က တုံ့ပြန်ဖြေရှင်းလာပါတယ်။

ဘင်္ဂါလီတွေရာထောင်ချီကို AA က မုဒိမ်းကျင့်သတ်ဖြတ်ခဲ့မှုဟာ လက်ရှိအချိန်မှာ ICC က စုံစမ်းတော့မဲ့အခြေအနေနဲ့ စစ်ရာဇဝတ်မှုကျုးလွန်တာကြောင့် ပိတ်ဆို့ခံရနိုင်တဲ့အရေးနဲ့ ရင်ဆိုင်နေရတဲ့ AA စစ်ဦးစီးချုပ်ထွန်းမြတ်နိုင်ဟာ ဘင်္ဂါလီအသိုင်းအဝိုင်းနဲ့ ICC ရဲ့ ဖိအားတွေလျော့ကျဖို့ ဧရာဝတီအယ်ဒီတာချုပ်အောင်ဇော်နဲ့ အင်တာဗျုးလုပ်ရာမှာ”၂၀၁၅ ဝန်းကျင်လောက်မှာ ရန်ကုန်မှာစီးပွားရေးလုပ်နေတဲ့ မောင်းတော၊ ဘူးသီးတောင်က စီးပွားရေးသမားတွေ Naing Group တို့ Fatherland တို့ အဲဒီပုဂ္ဂိုလ်တွေက ကြံ့ခိုင်ရေးပါတီဝင်တွေဖြစ်တယ်။ သူတို့ကိုသုံးပြီးတော့မှ AA ကို Counter Balance လုပ်ဖို့အတွက် သူတို့ဟာ ARSA ကို ဖန်တီးခဲ့တယ်ဆိုတဲ့ အချက် အလက်တွေကို ကျွန်တော်တို့ ပြန်ပြီးတွေ့လာခဲ့တယ်။ ဒီဟာတွေကို သူတို့က ဖန်တီးခဲ့ပြီးတော့မှ ဒေါ်အောင်ဆန်းစုကြည် အစိုးရဖြစ်လာခဲ့ချိန်မှာ အဲဒီကပဲ အစိုးရကို ဆွဲချမဲ့ Scheme တစ်ခုပေါ့။ မကြံကောင်းမစည်ရာတစ်ခုကို သူဖန်တီးခဲ့တယ်”လို့ ထွန်းမြတ်နိုင်က အောင်ဇော့်ကို ​ပြောခဲ့တာပါ။

ထွန်းမြတ်နိုင်ရဲ့ ဒီပြောဆိုမှုနဲ့ပတ်သက်ပြီး Naing Group က အချက်လေးချက်နဲ့ ဖြေရှင်းခဲ့ပြီး ” ၁။ NAING Group ဆောက်လုပ်ရေး ကုမ္ပဏီလီမိတက်ကို ၁၉၉၆ ခုနှစ်တွင် စတင်တည်ထောင်ထားပြီး နှစ်ပေါင်း ၂၈ နှစ်ကျော် ရန်ကုန်မြို့၌ အမည်ကောင်းသတင်းကျော်ဇောမှုဖြင့် ရပ်တည်နေသော ဆောက်လုပ်ရေး ကုမ္ပဏီဖြစ်ပါသည်။ မြန်မာနိုင်ငံသားများ အလုပ် အကိုင် အခွင့်အလမ်း ရရှိရေးနှင့် အဆင့်မီမီနေထိုင် နိုင်စေရေးအတွက် အဆောက်အအုံဆောက်လုပ်ရေးလုပ်ငန်းများကို စဉ်ဆက်မပြတ်လုပ်ကိုင်လျှက်ရှိပါသည်။ ၂။ NAING Group ဆောက်လုပ်ရေးကုမ္ပဏီ ၏ ဖခင်ကြီးဖြစ်သူသည် လွန်ခဲ့သော ၈၅ နှစ်ခန့်က မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ် ၊ ချောင်းနှစ်ခွ ကျေးရွာသားဖြစ်ပြီး မိခင်ဖြစ်သူမှာ လွန်ခဲ့သော ၇၅ နှစ်ခန့်က ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီး မြို့နယ် ၊ ခလယ်တံခွန်တိုင်ကျေးရွာဇာတိသူ ဖြစ်ပါသည်။ ထိုမိဘနှစ်ပါးမှ ရန်ကုန်မြို့တွင် မွေးဖွား ကြီးပြင်းလာသော BOD ( ၄ ) ဦးဖြင့် ဖွဲ့စည်းထားသော ဆောက်လုပ်ရေးကုမ္ပဏီ တစ်ခု ဖြစ်ပါသည်။ ၃။ ၃.၉.၂၀၂၄ ရက်နေ့တွင် ထုတ်လွှင့်ခဲ့သော သတင်းဌာန၏ အင်တာဗျူး တစ်ခုတွင် “ ရန်ကုန်မြို့တွင် စီးပွားရေးလုပ်ငန်း လုပ်နေတဲ့ ရခိုင် မောင်တော ဘူးသီးတောင် မှ NAING Group နှင့် – ” ဟု ဖော်ပြ ထုတ်လွှင့်ခဲ့သည်ကို ကြားသိ တွေ့မြင်ခဲ့ရပါသည်။ NAING Group ဆောက်လုပ်ရေးကုမ္ပဏီလီမိတက်သည် ရခိုင်ပြည်နယ် မောင်တော၊ ဘူးသီးတောင် ဒေသတွင် မည်သည့်စီးပွားရေးလုပ်ငန်းများမျှ လုပ်ကိုင်ခြင်း၊ အခြေချနေထိုင်ခြင်း၊ အဖွဲ့အစည်း တစ်ခုခုနှင့် ဆက်နွယ် ပတ်သက်ခြင်း အလျင်းမရှိပါ။ NAING Group ဆောက်လုပ်ရေးကုမ္ပဏီလီမိတက်သည် ပါတီနိုင်ငံရေး ကင်းရှင်းပြီး ဆောက်လုပ်ရေးလုပ်ငန်းကိုသာ တရားဝင် လုပ်ကိုင်ပြီး Corporate Social Responsibility (CSR) လုပ်ငန်းများကို လူမျိုး ဘာသာဒေသ မခွဲခြားဘဲ စေတနာ သဒ္ဓါတရားထက်သန်စွာဖြင့် နိုင်ငံနှင့်အဝှမ်း လုပ်ကိုင်လျှက်ရှိပါသည်။ ၅။ ဖော်ပြပါအင်တာဗျူး ထုတ်လွှင့်ချက်များတွင်ပါဝင်သည့် NAING Group ဆောက်လုပ်ရေး ကုမ္ပဏီလီမိတက် နှင့်ပတ်သက်၍ ပြောဆိုချက်များသည် အချက်အလက်အမှားများကို အခြေခံပြီးပြောဆိုခြင်း ဖြစ်ပါကြောင်း သတင်းထုတ်ပြန်အပ်ပါသည်။”လို့ တုံ့ပြန်ခဲ့တာပါ။

ဒါ့အပြင် Naing Group ရဲ့ အမှုဆောင်ဒါရိုက်တာတစ်ဦးကလည်း ထွန်းမြတ်နိုင်ရဲ့ ဧရာဝတီအင်တာဗျူးကို မျှဝေပြီး “ဟမ်၊ naing group ဘူးသီးတောင် မောင်းတောကလဲ မဟုတ် ဘူး၊ ရောက်တောင် မရောက်ဖူးဘူး , ဘယ် political party မှ member လဲ မဟုတ်ဘူး၊ ကရင် x မွန် လူမျိုး islam ဘာသာစစ်စစ်တွေ မှတ်ပုံတင်လာကြည့် .အထောက်အထားမရှိဘဲ ခေါင်းဆောင် level အနေနဲ့ အဲ့လိုတွေ မပြောသင့်ပါ Get ur facts checked .(သတ်ပုံမူရင်း) ” လို့ တုံ့ပြန်ထားတာကို MT News က တွေ့မြင်ရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *