September 20, 2024

၃.၉.၂၀၂၄
Written By Zun

ထိုင်းနိုင်ငံ၊ ဘန်ကောက်တွင် တစ်ရက် ဘတ် ၄၀၀ ဖြင့် ထန်းရေရောင်းသည့် မြန်မာနိုင်ငံသား ၂ ဦး တရားမဝင် မူးယစ်သေစာရောင်းချမှုဖြင့် အဖမ်းခံထားရကြောင်း ထိုင်းဒေသတွင်းသတင်းများက ရေးသားကြသည်။

စက်တင်ဘာလ ၂ ရက် ညပိုင်းက ဘန်ကောက်မြို့၊ ဘန်ဘောနယ်မြေ၊ အေကချိုင်လမ်းသွယ် ၆၄/၇ တွင် ဖွင့်လှစ်ထားသော ထန်းရေဆိုင်ကို ဘန်ခွန်ထီယန် ရဲမှူးကြီး ကလစ်တိဒေ့ ကျန်ဖက် ဦးဆောင်သော ပူးပေါင်းအဖွဲ့ကသတင်းအရ ဝင်ရောက်စစ်ဆေးစဉ် အဆိုပါ မြန်မာနိုင်ငံသားနှစ်ဦး အဖမ်းခံခဲ့ရခြင်း ဖြစ်ကြောင်း သိရသည်။

အဖမ်းခံရသောမြန်မာနိုင်ငံသားနှစ်ဦးမှာ အသက် ၃၄ နှစ်အရွယ် ရဲသူရဖြိုး နှင့် အသက် ၂၀ နှစ်အရွယ် ထွန်းခန့်နိုင်တို့ဖြစ်ပြီး ထန်းရေဆိုင်ပိုင်ရှင် ကိုအေးက တစ်ရက်လုပ်အားခ ဘတ် ၄၀၀ ပေးသောကြောင့် ယင်းတွင်အလုပ်သွားလုပ်ကြခြင်းဖြစ်ကြောင်း ရဲစခန်းတွင် ဝန်ခံထွက်ဆိုကြောင်း ဒေသတွင်းသတင်းများတွင် ဖော်ပြထားသည်။

ယခုအခါ အဖမ်းခံရသောမြန်မာနိုင်ငံသားနှစ်ဦးကို ဘန်ကောက်မြို့၊ ဘန်ခွန်ထီယန်ရဲစခန်းတွင် ထိန်းသိမ်း ထားပြီး တရားမဝင်မူးယစ်သေစာရောင်းချမှုဖြင့်အမှုဖွင့်ထားကာ ထိုင်းနိုင်ငံ ဥပဒေအရ အရေးယူဆောင်ရွက် သွားမည် ဖြစ်ကြောင်း သိရသည်။

Ref & Photo thaich8 , thaipbs

Leave a Reply

Your email address will not be published. Required fields are marked *