၃. ၉. ၂၀၂၄
Written by Nay Moe
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့နယ်၊ ပျဉ်းကတိုးကုန်းအုပ်စု အုပ်ချုပ်ရေးမှူး ဦးဌေးနိုင်ကို စက်တင်ဘာ ၁ ရက် ည ၁၁ နာရီခန့်မှာ သတ်ဖြတ်လိုက်တယ်လို့ လက်ပံတန်း PDF အဖွဲ့ဖြစ်တဲ့ ရွှေတန်းမြေပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။
ဦးဌေးနိုင်ကို သတ်ဖြတ်ရတာက သူဟာ ပျူစောထီးခေါင်းဆောင်လည်းဖြစ်၊ လောင်းကစားပွဲပြုလုပ်ကာ ငွေရှာတာ၊ မူးယစ်ဆေးနွယ်ဝင်ဆေးခြောက်စိုက်ခင်းစိုက်ကာငွေရှာတာ၊ စစ်မှုထမ်းအမည်ခံကာပြည်သူဆီကငွေကြေးတောင်းခံတာ၊ ဖမ်းဆီးတာနဲ့ ပြည်သူတွေတိုင်ကြားမှုတစ်ခုရှိလို့ သတ်လိုက်တယ်လို့ လက်ပံတန်း PDF က ဆင်ခြေပေးပေမဲ့ MT News က ဒီစွပ်စွဲချက်တွေ မှန်မမှန် အတည်မပြုနိုင်သလို လက်ပံတန်း PDF ကလည်း သက်သေတစ်စုံတစ်ရာထုတ်ပြန်တာ မတွေ့ရပါဘူး။
ပဲခူးတိုင်းဟာ အုပ်ချုပ်ရေးမှူးနဲ့ ပြည်သူ အများအပြား သတ်ဖြတ်ခံရတဲ့တိုင်းတစ်ခုဖြစ်သလို ဖမ်းဆီးရမိမှုလည်း မရှိသလောက်နည်းပါးသလို နွေဦးတော်လှန်ရေးစတင်ချိန်ကနေ ၂၀၂၄ ခုနှစ် ဇူလိုင်လကုန်အထိ ကလေးသူငယ် ၂၃၀ ကျော်၊ သံဃာတော် အပါး ၉၀ ကျော်၊ ရပ်ကျေးအုပ်ချုပ်ရေးမှူးနဲ့ ဆရာဆရာမ၊ နိုင်ငံ့ဝန်ထမ်း ၁၂၀၀ ခန့်အပါအဝင် ပြည်သူ ၈၀၀၀ ခန့်ဟာ “ဒလန်၊ သူလျှို၊ နစကယန္တရားလည်ပတ်အောင်ပြုလုပ်ပေးသူ” ဆိုတဲ့ စွပ်စွဲချက်တွေနဲ့ NLD, NUG, PDF, EAOs တို့ရဲ့ သတ်ဖြတ်မှုကို ခံထားရပါတယ်။