September 19, 2024

၃. ၈. ၂၀၂၄
Written by Nyein Kyaw

နိုင်ငံရေးပါတီပေါင်း ၅၁ ခုအား မှတ်ပုံတင် ခွင့်ပြုခဲ့ပြီးဖြစ်ကာ ကျန်ရှိနေသေးသည့် ပါတီ ၅ ခုအား ရွေးကောက်ပွဲမတိုင်မီ စိစစ်မှတ်ပုံတင်ခွင့်ပြုနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် (UEC) က ယနေ့တွင် ဖြေကြားထားသည်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သို့ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေ ပုဒ်မ ၂၅ အရ ဆက်လက်တည်ထောင်မှတ်ပုံတင်ခွင့် လျှောက်ထားသော နိုင်ငံရေးပါတီပေါင်း ၅၀ နှင့် နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေ ပုဒ်မ ၃ အရ ယနေ့အထိ တည်ထောင်ခွင့်လျှောက်ထားသည့် နိုင်ငံရေးပါတီ ၁၇ ခု စုစုပေါင်းပါတီ ၆၇ ခုရှိသည်။

ယင်းပါတီများအနက် နိုင်ငံရေးပါတီ ၅၁ ပါတီအား မှတ်ပုံတင်ခွင့်ပြုခဲ့ပြီး တည်ထောင်ခွင့် လျှောက်ထားသည့် နိုင်ငံရေးပါတီ ၃ ခုနှင့် မှတ်ပုံတင်ခွင့်လျှောက်ထားသည့် နိုင်ငံရေးပါတီ ၈ ခု စုစုပေါင်းပါတီ ၁၁ ခုအား ဥပဒေနှင့်အညီ ငြင်းပယ်ခဲ့ပြီးဖြစ်သည်။

လက်ရှိတွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က တည်ထောင်ခွင့်ပြုခဲ့ပြီး မှတ်ပုံတင်ခွင့် လျှောက်ထားရမည့် နိုင်ငံရေးပါတီ ၂ ခုနှင့် မှတ်ပုံတင်ခွင့်စိစစ်ဆဲ နိုင်ငံရေးပါတီ ၃ ခုကျန်ရှိပြီး ယင်းနိုင်ငံရေးပါတီ ၅ ခုအား ၂၀၂၅ ခှနှစ်အတွင်း ကျင်းပမည့် အထွေထွေရွေး ကောက်ပွဲအမီ စိစစ်မှတ်ပုံတင်ခွင့်ပြုနိုင်ရေး သက်ဆိုင်ရာဝန်ကြီးဌာနများနှင့် ပူးပေါင်းဆောင်ရွက်မည်ဖြစ်ကြောင်း ဖြေကြားထားသည်။

Leave a Reply

Your email address will not be published. Required fields are marked *