September 19, 2024

၃ .၉.၂၀၂၄
Written by Hey Mar

မူးယစ်ဆေးကြောင့် စိတ်ဖောက်နေတဲ့ အမျိုးသားက မိမိကိုယ်ကိုယ် ကြိုးဆွဲချ(ဆွဲကြိုးချ)စီရင်ခဲ့တဲ့ ဖြစ်စဉ် မွန်ပြည်နယ် ရေးမြို့ မှာ မနေ့က စက်တင်ဘာ ၂ ရက်နေ့ ညနေ ၆နာရီ ဝန်းကျင်က ဖြစ်ပွားခဲ့တယ်လို့ ဒေသခံ လူမှုကူညီရေးအသင်းဖြစ်တဲ့ အောင်မင်္ဂလာနာရေးကူညီမှုအသင်းကနေ သိရပါတယ်။

ဖြစ်စဉ်က ရေးမြို့၊ အောင်မင်္ဂလာရပ်ကွက်၊ ဝဲကျော်ကွင်း မီးရထားစက်ခေါင်းရုံအနီးက သူ့ရဲ့နေအိမ်မှာပဲ ဖြစ်ပွားခဲ့ကာ သေသူက အသက် ၅၅ နှစ် မူးယစ်ဆေးစွဲနေသူလို့ မိသားစုက ဆိုကြောင်း လူမှုကူညီရေးက ရှင်းပြပါတယ်။

အောင်မင်္ဂလာ လူမှုကူညီရေးအသင်း တာဝန်ရှိသူက “သူက စိတ်ဖောက်လာရင် မိသားစုကို ပြဿနာရှာတော့ မိသားစုက သူ့အနားမနေဘဲ ရှောင်နေတုန်းမှာ သူ့ကိုယ်သူ လုပ်သွားတာ” လို့ MT News ကို ပြောပါတယ်။

အဆိုပါအသင်းက ကြိုးဆွဲချသေဆုံးနေတဲ့ ရုပ်အလောင်းကိုတာဝန်ရှိသူ‌တွေရဲ့ ညွှန်ကြားချက်နဲ့ ဖြုတ်ယူပြီး ရေးပြည်သူ့ဆေးရုံရင်ခွဲရုံဆီ ပို့ဆောင်ပေးခဲ့တယ်လို့ သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *