September 19, 2024

၃.၉.၂၀၂၄
Written by TZ

မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံခရိုင်၊ မတ္တရာမြို့၊ ဆူးကားကျေးရွာတွင်နေထိုင်သည့် အမျိုးသားတစ်ဦး နေအိမ်ကိုသွပ်ပြားမိုးစဥ် ဝရိမ်ဆော်သည့်ကြိုးမှ ရေအိုင်ထဲသို့ပြုတ်ကျရာမှ ဓာတ်လိုက်၍ သေဆုံးသွားကြောင်း သိရသည်။

ဖြစ်စဥ်မှာ စက်တင်ဘာ ၁ ရက်နေ့တွင် ဓာတ်လိုက်၍ သေဆုံးသည့်အမျိုးသားမှာ ၎င်း၏နေအိမ်ကို သွပ်ပြားဖြင့်မိုးရန်အတွက် အောက်မှနေ၍ သွပ်ပြားကိုအပေါ်သို့ ပေးစဥ် ဝရိမ်ဆော်သည့်ကြိုးမှာ ရေအိုင်ထဲသို့ပြုတ်ကျနေသည်ကို သတိမထားမိဘဲ လျှပ်စီးကြောင်းဖြစ်နေသည့် ရေအိုင်ထဲသို့ရောက်ရှိပြီး ဓာတ်လိုက်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

“၁ ရက်နေ့ ညနေ ၄ နာရီဝန်းကျင်က ဖုန်းဆက်တာ။ ဆေးရုံပို့တဲ့အချိန် လမ်းမှာဆုံးသွားတာ”ဟု မြနန္ဒာလူမှုကူညီရေးအသင်းမှ တာဝန်ရှိသူတစ်ဦးက MT News သို့ ပြောသည်။

ဓာတ်လိုက်၍ သေဆုံးသည့် အသက်(၄၅) နှစ်အရွယ် အမျိုးသားကို ဆေးရုံမှတစ်ဆင့် ဆူးကားကျေးရွာရှိ သုသာန်၌ သင်္ဂြိုဟ်လိုက်ကြောင်း သိရသည်။

Photo -Moe Oo

Leave a Reply

Your email address will not be published. Required fields are marked *