September 20, 2024

၃. ၉. ၂၀၂၄
Translated by Htwe Ko Tun

တရုတ်ပြည်သူ့သမ္မတနိုင်ငံ အရှေ့ပိုင်း ရှန်ဒုံပြည်နယ်၊ တိုင်ယန်မြို့တွင် ကျောင်းကြိုပို့ ဘတ်စ်ကားတစ်စီးက အလယ်တန်းကျောင်းတစ်ကျောင်း၏ အဝင်ဝအပြင်ဘက်တွင် စုဝေးလျက်ရှိသော ကလေးတစ်သိုက်အတွင်းသို့ စက်တင်ဘာလ ၃ ရက်၊ ဒေသစံတော်ချိန် နံနက် ၇ နာရီခန့်တွင် ဝင်တိုက်မိခဲ့ရာ ကျောင်းသားလူငယ် ငါးဦးနှင့် ကျောင်းသားမိဘ ခြောက်ဦးအပါ အဝင် အနည်းဆုံး ၁၁ ဦးသေဆုံးခဲ့ရကြောင်း သိရသည်။

ဆင်ဟွာသတင်းဌာန၏ ရှေးဦးသတင်းများကမူ အဆိုပါယာဉ်မတော်တဆမှုတွင် လူ ၁၀ ဦးကျော် သေဆုံးခဲ့ရကြောင်းဖော်ပြခဲ့သည်။ သို့သော် ဒဏ်ရာရသေဆုံးသူမည်မျှဟု အတိအကျဖော်ပြခြင်းမရှိခဲ့ချေ။

လူမှုကွန်ရက်တွင်ဖော်ပြလာကြသော ဓာတ်ပုံများအရ လမ်းပေါ်တွင်လဲနေကြသော သွေးစွန်းနေသည့် အဝတ်အစားများနှင့် ကျောင်းသားကလေးသူငယ်များအား မီးခိုးရောင် ဘတ်စ်ကားကြီးတစ်စင်းဘေးတွင် တွေ့ကြရသည်။

ဒေသအာဏာပိုင်များက ယာဉ်တိုက်မှုဖြစ်ရခြင်း၏ အကြောင်းရင်းကို စစ်ဆေးနေကြောင်း သိရသည်။

Ref- Times of India

Leave a Reply

Your email address will not be published. Required fields are marked *