September 19, 2024

၃ .၉ ၂၀၂၄
Written by Hey Mar

စိတ်ကျန်းမာရေးမကောင်းသူ ဆယ်ကျော်သက် လူငယ်တစ်ဦး ရေစီးသန်တဲ့ ချောင်းထဲ ခုန်ချခဲ့တဲ့ဖြစ်စဥ် မနေ့က စက်တင်ဘာ ၂ ရက် မွန်းလွဲ ၂ နာရီကျော်အချိန် ပဲခူးတိုင်းဒေသကြီး၊ အုတ်တွင်းမြို့နယ်မှာ ဖြစ်ပွားခဲ့တယ်လို့ ဒေသခံ လူမှုကူညီ‌‌ရေး အသင်းထံက‌နေ သိရပါတယ်။

ဖြစ်စဥ်က အုတ်တွင်းမြို့၊ ကသစ်တန်းရပ်ကွက်နေ မောင်အောင်ခန့်ကျော် အသက်(၁၅)နှစ်က ဒေသအခေါ် ရိုးလေးချောင်းထဲကို ချောင်းဖြတ် မီးရထားတံတားပေါ်ကနေ ခုန်ချသွားတာလို့ သိရပါတယ်။

“ရေစီးက သန်တယ်။ စစ်တောင်းမြစ်ထဲ စီးဝင်တဲ့ ချောင်းလက်တက်ပါ။ ချောင်းရိုးတစ်လျှောက် ၄ နာရီလောက်ရှာပေမယ့် မတွေ့လို့ ပြန်ပေါ်မယ့်အချိန် စောင့်ရမယ် ” လို့ ကူညီရှာဖွေပေးနေတဲ့ ရင်ခုန်သံရှင်သန်ရေး အုတ်တွင်းလူမှုကူညီရေးအသင်းတာဝန်ရှိသူက MT News ကို ပြောပါတယ်။

မိုးရွာသွန်းမှု၊ စစ်တောင်းမြစ်ရေ မြင့်တက်မှုတွေကြောင့် အဆိုပါချောင်းရေက လက်ရှိအချိန်မှာ ရေစီးနှုန်းမြန်‌နေသလို အရင်က‌တော့ ချောင်းဝထိပ်မှာ ဆည်ပုံစံ ကျား ခံထားပြီး အခုချိန်မှာ ရေကြီးလို့ ဖြုတ်ထားရတဲ့အတွက် စစ်တောင်းမြစ်ထဲ ရောက်သွားပါက ရှာရ ခက်နိုင်တယ်လို့လည်း သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *