September 19, 2024

၂. ၉. ၂၀၂၄
Written by Nay Moe

KNU နဲ့ PDF တွေ ကြီးစိုးထားပြီး ည ၈ နာရီကျော်လို့ ကားသံကြားရင် ပစ်ခတ်တိုက်ခိုက်မှုဖြစ်ပွားလေ့ရှိတဲ့ သထုံမြို့နယ်၊ ကမာဆိုင်ရွာအနီးမှာ ဒရိုင်ဘညအပါအဝင် လူ ၁၃ ခန့် လိုက်ပါလာတဲ့ ခရီးသည်ယာဥ် မိုင်းဆွဲတိုက်ခိုက်ခံရပြီး အမျိုးသားနှစ်ဦးသေဆုံးကာ အမျိုးသမီးငါးဦး ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

ဖြစ်စဥ်က မွန်ပြည်နယ်၊ သထုံမြို့နယ်၊ ကမာဆိုင်ကျေးရွာအနီး ရန်ကုန်-မော်လမြိုင်ကားလမ်းမိုင်တိုင်အမှတ် ၁၃၃ မိုင် ၆ ဖာလုံနဲ့ ၇ ဖာလုံကြားမှာ စက်တင်ဘာ ၁ ရက် ည ၉ နာရီခွဲအချိန် KNU နဲ့ PDF ပူးပေါင်းအဖွဲ့က သထုံမြို့ကနေ ဘီးလင်းမြို့ဆီ ထွက်ခွာလာတဲ့ BGO-11 3Q- —- TOYOTA HIACE ခရီးသည်တင်ယာဉ်ကို မိုင်းထောင်ဖောက်ခွဲ တိုက်ခိုက်ခဲ့တာပါ။ ဒီလို မိုင်းပေါက်ကွဲမှုကြောင့် ယာဉ်ပေါ်မှာ မောင်းနှင် လိုက်ပါလာတဲ့ အသက် ၃၇ နှစ်အရွယ် ဦးဖြိုးဝေကျော်ဆိုသူနဲ့ ပဲခူးတိုင်းဒေသကြီး၊ သနပ်ပင်မြို့နယ်၊ မင်းကျေးရွာနေ အသက် ၃၁ နှစ်အရွယ် ဦးကျော်မျိုးသူတို့ မိုင်းပေါက်ကွဲစထိမှန်ဒဏ်ရာများစွာရရှိကာ သေဆုံးခဲ့တာပါ။ ဒါ့အပြင် သနပ်ပင်မြို့နယ်၊ ကျွန်းကြီးကျေးရွာနေ ဒေါ်ခင်သန်းဝင်း (၆၀) နှစ်နဲ့ တစ်ရွာတည်းနေ မဖြူစင်မင်း (၂၉) နှစ်၊ မင်းကျေးရွာနေ မရင်ရင်နွယ် (၃၁) နှစ်၊ ဖရဲကျေးရွာနေ ဒေါ်ချိုမာ (၅၂) နှစ်၊ ကျူချောင်းကျေးရွာနေ မဝင်းဝင်းထွေး (၃၃) နှစ်တို့လည်း မိုင်းပေါက်ကွဲစထိမှန်ဒဏ်ရာ ရရှိခဲ့လို့ သေဆုံး၊ ဒဏ်ရာရရှိသူတွေကို သထုံ ဆေးရုံဆီပို့ဆောင်ထားရှိခဲ့တယ်လို့ သိရပါတယ်။

ဒီ ကမာဆိုင်ရွာနားမှာပဲ ပြီးခဲ့တဲ့ ၂၀၂၃ ဖေဖော်ဝါရီ ၂၀ ရက်မှာ ကုန်တင် Hilux ယာဥ်ကို KNU နဲ့ PDF တွေ တိုက်ခိုက်လို့ ယာဥ်မောင်း မင်းထွန်းဆိုသူ သေဆုံးပြီး ယာဥ်ပျက်စီးခဲ့ရတဲ့ ဖြစ်စဥ်နဲ့ ဒီနှစ် မတ်လ ၂၇ ရက်ညမှာလည်း ရန်ကုန်မြို့ဆီ လူနာပို့ဖို့ သထုံကနေ ထွက်ခွာလာတဲ့ အကြင်နာတွဲလက် လူမှုကူညီရေးယာဥ်ကို PDF တွေက ညအချိန် ထွက်မှုနဲ့ မိုင်းခွဲတိုက်ခိုက် ပစ်ခတ်လို့ ယာဥ်မောင်းနဲ့ လူနာ ဒဏ်ရာရမှုလည်းဖြစ်ပွားခဲ့ပါသေးတယ်။

ပုံစာ။ KNU နှင့် PDF များ မိုင်းခွဲပစ်ခတ်ခံရသည့်ယာဥ်နှင့် ထိခိုက်သူများမြင်ကွင်း(Photo – Credit)

Leave a Reply

Your email address will not be published. Required fields are marked *