September 19, 2024

MT News
၂.၉. ၂၀၂၄

ရန်ကုန်တိုင်းဒေသကြီးအတွင်းက မြို့နယ် ၄၄ မြို့နယ်ကို စားအုန်းဆီရောင်းချရာမှာ မိသားစုတစ်စု တစ်လစာ ဝယ်ယူနိုင်ဖို့ လျင်မြန် လွယ်ကူစွာနဲ့ အိမ်အရောက် ဝယ်ယူနိုင်စေဖို့ ရည်ရွယ်ပြီး အိမ်ထောင်စု တစ်စုကို တစ်လအတွက်တစ်ကြိမ် နှစ်ပိဿာနှုန်းနဲ့ ဝယ်ယူနိုင်ရေး ရန်ကုန်တိုင်းဒေသကြီး စားအုန်းဆီ အိမ်တိုင်ရာရောက် ဖြန့်ဖြူးရောင်းချရေးကော်မတီက စီစဉ်ဆောင်ရွက်ခဲ့တာပါ။

သို့ပေမဲ့ ၂၀၂၄ ခုနှစ်၊ ဩဂုတ်လမှာ အိမ်ထောင်စု တစ်စုကို တစ်လအတွက် တစ်ကြိမ် နှစ်ပိဿာနှုန်း ဖြန့်ဖြူးခဲ့တာက မှာကြားသူများပြားတဲ့အတွက် ဒီ စက်တင်ဘာလကစ အိမ်ထောင်စု တစ်စု တစ်လ သုံးပိဿာနှုန်း ဝယ်ယူရရှိနိုင်ဖို့ ခရိုင် (၁၄)ခု၊ မြို့နယ် (၄၄)မြို့နယ်မှာ ခရိုင်အလိုက် Call Center ထားရှိပြီး မှာကြားချက် လက်ခံမှတ်သားသွားမှာဖြစ်ပြီး စက်တင်ဘာ ၂ ရက်ကစ တနင်္လာကနေ စနေအထိ မနက် ၉ နာရီကနေ ညနေ ၄ နာရီအကြား မှာယူနိုင်မှာပါ။

မှာယူရမဲ့ ဖုန်းနံပါတ်တွေက တိုက်ကြီးခရိုင်၊ လှည်းကူးခရိုင်၊ မှော်ဘီခရိုင်၊ မင်္ဂလာဒုံခရိုင်၊ အင်းစိန်ခရိုင်၊ သန်လျင်ခရိုင်၊ တွံတေးခရိုင်၊ မရမ်းကုန်းခရိုင်တွေက ၀၁- ၄၇၀၅၅၆၆ နဲ့ (လိုင်းခွဲ ၁၅ လိုင်း) ဝ၉-၉၄၀၁၇၁၂၂၂ (လိုင်းခွဲ- ၁၅ လိုင်း) ကို ဆက်သွယ်ရမှာဖြစ်ပြီး ကျောက်တံတားခရိုင်၊ အလုံခရိုင်၊ သင်္ကန်းကျွန်းခရိုင်၊ ဗိုလ်တထောင်ခရိုင်၊ ဒဂုံမြို့သစ်ခရိုင်နဲ့ ကမာရွတ်ခရိုင်တွေက ၀၉-၇၇၁၀၀၂၇၂၂ (လိုင်းခွဲ- ၁၀ လိုင်း) နဲ့ ၀၁-၄၇ဝ၆၇၂၂ (လိုင်းခွဲ-၁၀ လိုင်း) ကို ဆက်သွယ်ရမှာပါ။

ဈေးနှုန်းအနေနဲ့ တနင်္လာနေ့တိုင်း သတင်းစာမှာ ထုတ်ပြန်တဲ့ လက်ကား ရည်ညွှန်းဈေးနှုန်းကို အခြေခံပြီး ကုန်ကျစရိတ်ကို ထည့်သွင်းတွက်ချက်ထားတဲ့ ဈေးနှုန်းနဲ့ ရောင်းချသွားမှာဖြစ်ပြီး Delivery ကို မှာကြားတဲ့ ဝယ်သူဘက်က ပေးချေရမှာဖြစ်သလို ပစ္စည်း ရောက်ငွေချေစနစ်နဲ့ သာရောင်းချသွားမှာဖြစ်လို့ ဆီဖိုးကို ကြိုတင်ပေးချေဖို့မလိုဘူးလို့လည်းရန်ကုန်တိုင်းဒေသကြီးစားအုန်းဆီအိမ်တိုင်ရာရောက်ဖြန့်ဖြူးရောင်းချရေးကော်မတီက ကြေညာထားပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *