September 19, 2024

၁. ၉. ၂၀၂၄
Written by Nay Moe

ရခိုင်မြောက်ပိုင်းမှာ ဘင်္ဂါလီတွေကို ရခိုင်လက်နက်ကိုင် AA က အစုလိုက်အပြုံလိုက် သတ်ဖြတ် မုဒိမ်းကျင့်မှုနဲ့ ပတ်သက်ပြီး ICC က AA ကို စုံစမ်းစစ်ဆေးဖို့ လူ့အခွင့်အရေးအဖွဲ့တစ်ခုဖြစ်တဲ့ Fortify Rights က စာမျက်နှာ ၁၉ မျက်နှာပါ အစီရင်ခံစာတစ်ခု ထုတ်ပြန်ခဲ့ပါတယ်။

အစီရင်ခံစာထဲမှာ အပြည်ပြည်ဆိုင်ရာ ရာဇဝတ်ခုံရုံး ICC ဟာ ဘင်္ဂါလီတွေ ရွှေ့ပြောင်းနေထိုင်ရမှုနဲ့ အခြားရာဇဝတ်မှုတွေကို စုံစမ်းစစ်ဆေးခွင့်ရထားလို့ AA ကိုလည်း ဘင်္ဂါလီတွေအပေါ်တိုက်ခိုက်မှုအတွက် ဆက်လက်စစ်ဆေးဖို့ တောင်းဆိုထားပါတယ်။

ဒါ့အပြင် AA က ဩဂုတ် ၅ ရက်နဲ့ ၆ ရက်မှာ ဘင်္ဂါလီထောင်ချီကို ဒရုန်းတွေ သေနတ်တွေနဲ့ ပစ်သတ်ခဲ့တာ၊ ဇွန်နဲ့ဇူလိုင်လမှာ မောင်တောသိမ်းဖို့ချီတက်လာစဥ် ဘင်္ဂါလီတွေကို ပစ်သတ်ခဲ့တာ၊ ဘင်္ဂလားဒေ့ရှ်ထွက်ပြေးတဲ့ နတ်မြစ်ထဲက စက်လှေကို ဒရုန်းနဲ့တိုက်ခိုက်လို့ ကလေးငယ်တွေအပါအဝင် ဘင်္ဂါလီများစွာသေခဲ့တာ၊ ရခိုင်လက်နက်ကိုင် AA တပ်ဖွဲ့ဝင်တွေက ဘင်္ဂါလီအမျိုးသမီးတွေကို မုဒိမ်းကျင့်တာ စတဲ့ စစ်ရာဇဝတ်မှုတွေကို သက်သေတွေနဲ့ ဖော်ထုတ်ထားတာ တွေ့ရပါတယ်။

AA လက်နက်ကိုင်တွေက ဘင်္ဂါလီတွေအပေါ် အစုလိုက်အပြုံလိုက် သတ်ဖြတ်မုဒိမ်းကျင့်မှုနဲ့ပတ်သက်ပြီး Fortify Rights ရဲ့ အစီရင်ခံနဲ့ ပတ်သက်လို့ AA စစ်ဦးစီးချုပ်ထွန်းမြတ်နိုင်ကတော့ ဒီအစီရင်ခံစာ အများစုဟာ ဖြစ်ရပ်မှန် အချက်အလက်တချို့အပေါ် အခြေခံပြီး ဘက်လိုက်မှုရှိတဲ့ ကောက်ယူချက်တွေနဲ့ ရေးသားထားတာလို့ တုံ့ပြန်ခဲ့သလိုရှုပ်ထွေးတဲ့ဖြစ်စဥ်တွေမှာ ဆိုးရွားတဲ့ကောက်ချက်ယူတဲ့ အတုအယောင်အခွင့်အရေးအဖွဲ့ Falsified Rights လို့လည်း Fortify Rights အဖွဲ့ကို သူ့ X မှာ တုံ့ပြန်ထားပါတယ်။ အဲဒီအပေါ် Ro Myat Thant ဆိုတဲ့အကောင့်ကလည်း နည်းပညာခေတ်မှာ အမှန်တရားကို ဖော်ထုတ်နိုင်တဲ့ ပစ္စည်းကိရိယာတွေ အများအပြားရှိသလို ဘင်္ဂါလီတွေအပေါ် ရာဇဝတ်မှု မကျုးလွန်ခဲ့ရင် AA ကို အခုလို အပြစ်ပြောစရာရှိမှာမဟုတ်ဘူးလို့ X မှာ ချေပထားပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *