September 19, 2024

၁.၉. ၂၀၂၄
Written by Shwe Phyo

ထိုင်းနိုင်ငံ၊ မဲဆောက်မြို့ရဲတပ်ဖွဲ့သည် ရည်စားဟောင်း နှင့် ရည်းစားဟောင်း၏ဖခင်ဖြစ်သူကို နှစ်လောင်းပြိုင် သတ်ဖြတ်ခဲ့သော မြန်မာနိုင်ငံသားတစ်ဦးအား ဖမ်းဆီးလိုက်ကြောင်း ထိုင်းအခြေစိုက်သတင်းများတွင် ဖော်ပြထားသည်။

တက်ခ်ပြည်နယ်၊ မဲဆောက်မြို့ Phra That Pha Daeng အရပ်ဒေသရှိ ကျေးရွာတွင် သားအဖနှစ်ဦးအသတ်ခံရသည်ဆိုသောသတင်းကို စက်တင်ဘာ ၂ ရက်နေ့က လက်ခံရရှိခဲ့ပြီးနောက် သွားရောက်စစ်ဆေးခဲ့ရာ အသက် ၅၅ နှစ်အရွယ်ရှိ အမျိုးသားကြီးတစ်ဦးနှင့် အသက် ၁၃ နှစ်အရွယ်ရှိ မိန်းကလေးတစ်ဦးကို ချွန်ထက်သောအရာဖြင့် ထိုးနှက်ခံရကာ သေဆုံးနေမှု တွေ့ရှိခဲ့ကြောင်း မဲဆောက်မြို့ရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ထားသည်။

သေဆုံးခဲ့သော သားအဖနှစ်ဦးစလုံးသည် မြန်မာနိုင်ငံသားများဖြစ်ကြောင်း၊ ပတ်ဝန်းကျင်ကို စုံစမ်းစစ်ဆေးခဲ့ရာတွင် အသက် ၁၃ နှစ်အရွယ်ရှိ အမျိုးသမီးငယ်၏ ရည်းစားဟောင်းက လူသတ်မှုကျူးလွန်ခဲ့သည်ဆိုသောအချက်ကို စစ်ဆေးတွေ့ရှိခဲ့ပြီးနောက် ဖမ်းဆီးနိုင်ရန် ကြိုးပမ်းခဲ့ကြောင်း မဲဆောက်မြို့ရဲတပ်ဖွဲ့က ပြောသည်။

မဲဆောက်မြို့ရဲတပ်ဖွဲ့သည် လူသတ်မှုကျူးလွန်သူအဖြစ် အဓိကသံသယရှိသည့် အသက် ၂၄ နှစ်အရွယ်ရှိ မြန်မာနိုင်ငံသား ကိုဂျိုးဆိုသူကို မဲဆောက်မြို့ Ban Mae Tao Mai အရပ်ဒေသတွင် ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

ကိုဂျိုးက မြန်မာနိုင်ငံသား သားအဖနှစ်ဦးကို သတ်ခဲ့သည်ဟု ဝန်ခံထားပြီး လူမူကွန်ရက်တွင် ရည်စားဟောင်းဖြစ်သူ အသက် ၁၃ နှစ်အရွယ်ရှိအမျိုးသမီးငယ်က ရည်စားအသစ်ရရှိသည့် ပိုစ့်များတင်ခဲ့သည်ကို တွေ့ရှိခဲ့ပြီးနောက် မကျေမနပ်ဖြစ်ကာ စိတ်ဆိုးဒေါသဖြစ်ခဲ့ပြီး လူသတ်မှုကျူးလွန်ခဲ့ခြင်းဖြစ်ကြောင်း ဝန်ခံပြောဆိုထားသည်။

ရည်းစားဟောင်းဖြစ်သူ မြန်မာအမျိုးသမီးငယ်သည် ရည်းစားအသစ်ရရှိနေကြောင်း လူမူကွန်ရက်တွင် ပိုစ့်တင်ကာ ဖော်ပြခဲ့ပြီးနောက် နာရီပိုင်းအကြာတွင် ၎င်းတို့အိမ်ကိုသွားရောက်ခဲ့ကြောင်း၊ အိမ်တွင် ရည်းစားဟောင်းနှင့်အတူ ဖခင်ဖြစ်သူကိုပါတွေ့ရှိခဲ့ပြီး အငြင်းပွားခဲ့ရာမှ လူသတ်မှုကျူးလွန်ခဲ့ခြင်းဖြစ်ကြောင်း ကိုဂျိုးက ဝန်ခံထွက်ဆိုထားသည်။

ထိုင်းရဲတပ်ဖွဲ့သည် ကိုဂျိုးကို လူသတ်မှုအပြင် ခွင့်ပြု ချက်မရဘဲ ထိုင်းနိုင်ငံအတွင်း တရားမဝင်ရောက်ရှိနေထိုင်မှုများအတွက်လည်း စွဲချက်တင်သွားမည်ဖြစ်ကြောင်း သိရသည်။

REF, thailanddailynews

Leave a Reply

Your email address will not be published. Required fields are marked *