September 19, 2024

MT News
၂. ၉. ၂၀၂၄

မြန်မာ့လက်ရွေးစင် ရှေ့တန်းကစားသမားဟောင်း ဦးစည်သူဝင်း (အသက် ၄၇)နှစ်ဟာ ၂၀၂၄ စက်တင်ဘာ ၁ ရက်က ၉၆ ပါးသော ရောဂါဝေဒနာနဲ့ ဘဝတစ်ပါးသို့ ကူးပြောင်းသွားတယ်လို့ မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်ထံက သိရပါတယ်။

ဦးစည်သူဝင်းဟာ ၂၀၀၆ ခုနှစ်က မြန်မာနိုင်ငံဆွတ်ခူးရရှိခဲ့တဲ့ ၃၈ ကြိမ်မြောက် မာဒေးကား ချန်ပီယံဖလား ဆွတ်ခူးနိုင်ခြင်း အပါအဝင် မြန်မာ့လက်ရွေးစင် အသင်းအတွက် ကြိုးစားပေးခဲ့သော တိုက်စစ်မှုး တစ်ဦး ဖြစ်ပြီး အင်ဒိုနီးရှားကို အနိုင်ယူ ဗိုလ်စွဲခဲ့တဲ့ ဗိုလ်လုပွဲ ပထမဆုံးဂိုးကို ခေါင်းတိုက်ဖန်တီးပေးခဲ့သူ တိုက်စစ်မှူးလည်းဖြစ်ပါတယ်။

ဦးစည်သူဝင်း (မြန်မာ့လက်ရွေးစင်ဟောင်း)ကွယ်လွန်သွားခဲ့ရခြင်းအတွက် မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်က မိသားစုနဲ့ထပ်တူ ဝမ်းနည်းကြေကွဲရသလို ဦးစည်သူဝင်းရဲ့ မြန်မာ့လက်ရွေးစင်အသင်းအတွက် ကြိုးပမ်းဆောင်ရွက်ခဲ့မှုကို အမှတ်တရရှိနေမှာဖြစ်ကြောင်းနဲ့ မြန်မာ့လက်ရွေးစင် ရှေ့တန်းတိုက်စစ်မှူးဟောင်း ဦးစည်သူဝင်း ကောင်းရာသုဂတိသို့ ရောက်ရှိပါစေကြောင်း မြန်မာနိုင်ငံ ဘောလုံး အဖွဲ့ချုပ်က ဆုမွန်ကောင်း တောင်းပေးထားပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *