October 23, 2024

MT News

Translated by Htwe Ko Tun

ထိုင်းနိုင်ငံ၊ ဆန်ခလာဘူရီခရိုင်တွင် ဒီဇင်ဘာ ၂၅ ရက်က စစ်ဘေးရှောင်ဒုက္ခသည်များ၏ စခန်းတစ်ခု မီးလောင်ခဲ့ရာ အိမ် ၂၁ လုံးမီးလောင်ပြီး၊ အခြားအိမ် ၁၀ လုံးထိခိုက်ပျက်စီးခဲ့ရကြောင်း သိရသည်။

ဆန်ခလာဘူရီခရိုင် အကြီးအကဲဖြစ်သူ ဆူသီပွန် ဆီဝါဝက်ပီကူလ်က ထိုစခန်းတွင် မြန်မာနိုင်ငံမှ ဒုက္ခသည် ၃,၄၀၀ ခန့်နေထိုင်ကြကြောင်း ပြောကြားခဲ့သည်။

မီးက မွန်းလွဲ ၁၂း၂၀ နာရီတွင် စတင်လောင်ကျွမ်းခဲ့ရာ အိမ် ၂၁ လုံးမှာ လုံးဝလောင်ကျွမ်းခြင်းခံခဲ့ရသည်ဟု သိရပြီး အိမ် ၁၀ လုံးမှာ ထိခိုက်ပျက်စီးခဲ့ခြင်းဟု ၎င်းက ဆိုသည်။ သို့သော် လူထိခိုက်သေဆုံးမှုမရှိကြောင်း သိရသည်။

မီးက အိမ်တစ်လုံး၏ မီးဖိုချောင်တစ်ခုမှ စတင်လောင်ကျွမ်းခဲ့သည်ဟု ယုံကြည်ရကြောင်းလည်း ၎င်းက ပြောခဲ့သည်။ သစ်သားအိမ်များဖြစ်၍ မီးက လျင်မြန်စွာကူးစက်ခဲ့ခြင်းဖြစ်ပြီး မီးလောင်ချိန်တွင် ဒုက္ခသည်အများစုက ခရစ္စမတ်ပွဲတော်နေ့အခမ်းအနားများ၌ ပါဝင်လျက်ရှိကြကြောင်းလည်း သတင်းများက ဆိုသည်။

ခရိုင်တာဝန်ရှိသူများက မီးဒဏ်ခံခဲ့ရသော ဒုက္ခသည်များကို စခန်းအတွင်းရှိ ကျောင်းတစ်ကျောင်း၌ ယာယီနေရာချထားကြပြီး အစားအစာနှင့်လိုအပ်သည်များ ထောက်ပံ့ထားကြောင်းလည် းသိရသည်။

Ref—-Bangkok Post

Leave a Reply

Your email address will not be published. Required fields are marked *