September 19, 2024

၂.၉.၂၀၂၄
Written By Thandar

ဂျစ်ကန်ကန်ပုံစံလေးနဲ့ ပရိသတ်ချစ်ခင်မှုရရှိထားတဲ့ သရုပ်ဆောင် နန်းဆုဦးကတော့ “ဆက်ထုံး” ဇာတ်လမ်းတွဲမှာ အနုပညာသက်တမ်းတစ်ခုကိုရောက်နေပြီမို့ ပရိသတ်ကို Taste တစ်ခုပေးချင်လို့ ဗန့်ဆန်ဆန်ကာရိုက်တာ ရိုက်ထားတယ်လို့ဆိုပါတယ်။

ဒီဇာတ်လမ်းတွဲကတော့ ပရိသတ်စိတ်ဝင်စားစရာကောင်းတဲ့ ဇာတ်လမ်း ဇာတ်အိမ်တွေနဲ့ ပုံဖော်ရိုက်ကူးထုတ်လွှင့်နေတဲ့ Mahar Original Series အပိုင်း (၁)ကို ယနေ့ စက်တင်ဘာ ၂ ရက် ည ၇နာရီမှာ Free ထုတ်လွှင့်ပြသမှာလည်းဖြစ်ပါတယ်။

“ဆက်ထုံးဆိုတဲ့ ဇာတ်လမ်းတွဲမှာ နန်းဆုက ဇေယျာနွယ်ဆိုတဲ့ ကာရိုက်တာနေရာကနေ ပါဝင်ထားပါတယ်။ ဒီနာမည်လေးက အမေပေးထားသလို နွယ်ဆိုတဲ့အတိုင်း သူများကို အသုံးချပြီး အပေါ်ရောက်အောင် တတ်မယ့်သူလို့လည်း ပြောလို့ရတယ်။ ဒီကားမှာတော့ နန်းဆုက တော်တော်လေးကို ဗန့်ပုံစံမြင်ရမယ်လို့ ပြောလို့ရတယ်။ ကိုယ်လုပ်ရဲမှ လုပ်လို့ရမယ့် ဇာတ်ပါ။ နန်းဆု အနုပညာသက်တမ်းတစ်ခုကိုလည်း ရောက်နေပြီမို့ ပရိသတ်ကို Taste တစ်ခုပေးချင်တယ်။ နန်းဆုအနေနဲ့ ကာရိုက်တာ ထပ်နေတာလည်း သိပ်မကြိုက်ဘူး။ မင်းအာကာ၊ ထွန်းပုလဲရတနာ၊ နန်းဆုရယ် ငယ်သူငယ်ချင်း ၃ ယောက် ရှိကြတယ်ပေါ့။ အရင်းနှီးဆုံး မိတ်ဆွေတွေကြားမှာ တစ်ယောက်အမြင့်ကိုတက်နိုင်ရင် မနာလိုစိတ်ရှိတာကြတာကတော့ ထုံးစံပဲပေါ့။ အချစ်ဆုံး သူငယ်ချင်းတွေဖြစ်ပေမယ့် မတေထားသင့်တဲ့အငုံ့စိတ်တွေ ပေါက်ဖွားလာတဲ့အခါ မဖြစ်သင့်တာတွေ ဖြစ်တတ်တာကို ပညာပေးပုံစံလေးနဲ့ ရိုက်ကူးထားပါတယ်”လို့ သရုပ်ဆောင် နန်းဆုဦးက ပြောပါတယ်။

အဆိုပါ ဇာတ်လမ်းတွဲကို ဇာတ်လမ်း ယွန်းသခင်၊ ဇာတ်ညွှန်းပိုင်းကို ယွန်းသခင်၊ ဖြိုးသဥ္ဇာကျော်၊ အင်ကြင်းဦးနဲ့ ယုန်လေး တို့က ရေးသားပြီးတော့ ဒါရိုက်တာဦးသိန်းဟန်(ဖီးနစ်)က သရုပ်ဆောင်တွေဖြစ်တဲ့ ဟိန်းဝေယံ၊ နန်းဆုဦး၊ ထွန်းပုလဲရတနာ၊ နေမျိုးအောင်၊ နေဆန်း၊ သုန္ဒြေဦး၊ သာသာ၊ မင်းအာကာ၊ ရဲရင့်မောင်မောင်၊ နှင်းဝတ်ရည်ကျော်၊ မိမွန်မြတ်သူ၊ မေသွယ်တို့နဲ့ ရိုက်ကူးပါဝင်ထားကြပါတယ်။

အပိုင်း (၂၀)စာ ပါဝင်မယ့် “ဆက်ထုံး” ဇာတ်လမ်းတွဲကို ယနေ့ စက်တင်ဘာလ ၂ ရက်နေ့က စတင်ပြီး အပတ်စဥ် တနင်္လာ၊ ဗုဒ္ဓဟူး၊ သောကြာ၊ စနေ၊ တနင်္ဂနွေနေ့တွေရဲ့ ည ၇ နာရီတိုင်း Mahar Applicationမှာ ကြည့်ရှုရမှာလည်း ဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *