September 19, 2024

၂.၉.၂၀၂၄
Written by TZ

မွန်ပြည်နယ်၊ ကျိုက်ထိုခရိုင်၊ ဘီးလင်းမြို့၊ ကျောက်ရေတွင်းကျေးရွာအုပ်စု၊ ကန်နီကျေးရွာအနီး၊ ကျောက်ရေတွင်းနှင့် ကော့ကဒွတ်ကျေးရွာချင်းဆက်လမ်းမဘေးရှိ ခြုံနွယ်ထဲ၌ ပုပ်ပွပြီးသေဆုံးနေသည့် ရုပ်အလောင်းကို ခွေးတစ်ကောင်မှ ကိုက်ဖဲ့စားသောက်နေခဲ့ကြောင်း သိရသည်။

ရုပ်အလောင်းကို စက်တင်ဘာလ ၁ ရက် ညနေ ၄ နာရီအချိန်တွင် လမ်းသွားပြည်သူတစ်ဦးမှ ဖြစ်စဥ်နေရာအနီး အပေါ့စွန့်ရင်း ခွေးတစ်ကောင်မှ အလောင်းကို ကိုက်ဖဲ့၍ စားသောက်နေသည်ကို တွေ့သောကြောင့် ဘီးလင်းမြို့ အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့သို့ ဆက်သွယ်အကြောင်းကြားခဲ့ကြောင်း သိရသည်။

“အလောင်းက တော်တော်ပျက်စီးနေပြီ။ ခြေထောက်နှစ်ဖက်က အသားတွေမရှိတော့ဘူး။ မျက်နှာတွေလည်းပျက်စီးနေပြီ။ အလောင်းကြည့်ရတာ ၃ ရက်လောက်ရှိပြီထင်တယ်”ဟု ဘီးလင်းမြို့အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက MT News သို့ ဖြေကြားသည်။

ရုပ်အလောင်းမှာ ပျက်စီးနေသောကြောင့် ပိုင်ရှင်မဲ့ဖြစ်နေကြောင်း၊ အလားတူ ပြီးခဲ့သည့် လပိုင်းကလည်း လားရှိုးမြို့အတွင်း မြို့သိမ်းတိုက်ပွဲကြောင့် လမ်းတစ်နေရာတွင် ကျည်ထိမှန်၍သေဆုံးနေသည့် အလောင်းကိုခွေးများမှ ကိုက်ဖဲ့စားသောက်နေသည့်မြင်ကွင်း လူမှုကွန်ရက်ပေါ်တွင် ပျံ့နှံ့ခဲ့သည်။

Photo – Maung Maung

Leave a Reply

Your email address will not be published. Required fields are marked *