October 23, 2024

သတ်ဖြတ်ခံရသူ ရရှိသော ဒဏ်ရာများ

MT News

Written by Min Mahar

ဒီဇင်ဘာလ ၂၅ ရက် ညဦးပိုင်းက ကျောက်ပန်းတောင်းမြို့နယ်တွင် အသက် ၆၆ နှစ်အရွယ် အမျိုးသားကြီးတစ်ဦး ၎င်း၏နေအိမ်ခြံဝန်းအတွင်း လမ်းလျှောက်နေစဉ် သေနတ်သမားများ၏ ပစ်ခတ်သတ်ဖြတ်ခံရကြောင်း ဒေသခံသတင်းရင်းမြစ်များထံက သိရသည်။

ဖြစ်စဉ်မှာ ဒီဇင်ဘာ ၂၅ ရက် ခရစ္စမတ်နေ့ ညဦးပိုင်း ၇ နာရီခန့်က မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ်၊ တလင်းကုန်းကျေးရွာအုပ်စု၊ ပန်းကြိုင်ကျေးရွာတွင် အသက် ၆၆ နှစ်အရွယ် ဦးမြသိန်းသည် ၎င်း၏နေအိမ်ခြံဝန်းအတွင်းလမ်းလျှောက်နေစဉ် အိမ်နောက်ဘက်လမ်းအတိုင်း တောင်မှမြောက်သို့ အမည်မသိ အသက် ၃၅ နှစ်ခန့်အမျိုးသား ၁ ဦးမှမောင်းနှင်ပြီး အမျိုးသမီး ၁ ဦး နောက်ထိုင်၍လိုက်ပါလာသော ဆိုင်ကယ်အနက်ရောင်ယာဉ် ၁ စီးခြံပေါက်ဝ၌ရပ်၍ ဆိုင်ကယ်မောင်းနင်သူ အမျိုးသားမှ ပစ္စတိုသေနတ်ဖြင့် ၅ ချက်ပစ်ခတ်ခဲ့ပြီး မြောက်ဘက်သို့ မောင်းနှင်ထွက်ပြေးသွားခဲ့ကြောင်း အသတ်ခံရသူ၏ မိသားစုဝင်များထံမှ သိရသည်။

သေနတ်ဖြင့်ပစ်ခတ်ခံရမှုကြောင့် ဦးမြသိန်းမှာ ဦးခေါင်းထိပ် ကျည်ဖောက်ဝင်ဒဏ်ရာ ၁ ချက်၊ ဝဲဘက်လယ်ကုတ်ကျည်ဖောက်ဝင်ဒဏ်ရာ ၁ ချက်၊ ဝဲဘက်ရင်အုံ ကျည်ဖောက်ဝင်ဒဏ်ရာ ၂ ချက်၊ ဝဲဘက်လက်မောင်းရင်း ကျည်ဖောက်ဝင်ဒဏ်ရာ ၁ ချက်တို့ဖြင့် နေရာတွင်ပွဲချင်းပြီး သေဆုံးသွားခဲ့ရသည်။

Leave a Reply

Your email address will not be published. Required fields are marked *