October 23, 2024

MT News

Translated by Htwe Ko Tun

အမေရိကန်သမ္မတဂျိုးဘိုင်ဒန်အား ရုရှားသမ္မတပူတင်က နှစ်သစ်ကူးဆုတောင်းမေတ္တာပို့ရန် အစီအစဉ်ပြုလုပ်မထားကြောင်း ရုရှားသံတမန်တစ်ဦးနှင့် ရုရှားသမ္မတ ပူတင်အတွက် သတင်းထုတ်ပြန်ရေးအတွင်းရေးမှူးလည်းဖြစ်သည့် ဒီမီထရီ ပက်စ်ကော့ဗ်က ဒီဇင်ဘာ ၂၆ ရက်က ပြောခဲ့သည်။

၎င်းက ရုရှားအစိုးရ၏ သတင်းထုတ်ပြန်ရေးဌာနအနေဖြင့် ရုရှားသမ္မတက နှစ်သစ်ကူးတွင် ကောင်းချီးမင်္ဂလာပြုဆုတောင်းမည့်စာရင်းတွင် ဂျိုးဘိုင်ဒင်ပါဝင်မည်မဟုတ်ကြောင်း၊ ရုရှားနှင့် အမေရိကန်အစိုးရနှစ်ရပ်အကြား လက်ရှိဆက်ဆံရေးအဆင့်က ထိုသို့ပြုလုပ်ရမည့်အချိန်လည်းမဟုတ်ကြောင်း ပြောခဲ့သည်။

ရုရှားသမ္မတအနေဖြင့် ချစ်ကြည်သောဆက်ဆံရေးမရှိသည့် နိုင်ငံများ၏ ခေါင်းဆောင်များကို နှစ်သစ်ကူးကောင်းချီးမင်္ဂလာ ပြုမပြု မေးခွန်းကိုမူ ဒီမီထရီပက်စ်ကော့ဗ် ကထိုမေးခွန်းကို အတိအကျမပြောနိုင်ကြောင်း ဖြေကြားခဲ့သည်။

Ref—-Tass.com

Leave a Reply

Your email address will not be published. Required fields are marked *