September 19, 2024

၂.၉.၂၀၂၄
Written by TZ

ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာမြို့နယ်အနီးရှိ ဆန်ဂိုဒေါင်တွင် သိုလှောင်ထားသည့် ဆန်အိတ်တစ်ထောင်ပြိုကျ၍ အလုပ်သမား ၂ ဦးပေါ်သို့ ဆန်အိတ်များပိမိရာမှ တစ်ဦးသေဆုံးကာ တစ်ဦးဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ယင်းဖြစ်စဥ်မှာ ယနေ့ စက်တင်ဘာလ ၂ ရက် နံနက် ၈ နာရီခွဲအချိန်တွင် ဖြစ်ပွားခဲ့ပြီး ဆန်အိတ်များတင်ဆောင်နေစဥ် ဆန်အိတ်များပြိုကျ၍ အမျိုးသားတစ်ဦးပေါ်သို့ ပိမိကြောင်း၊ ပိမိသည့်အမျိုးသားကို ဒေသခံလူမှုကူညီရေးအသင်းမှ ဆေးရုံသို့ပို့ဆောင်ပြီးနောက် အလုပ်သမားများကိုစစ်ရာ တစ်ဦးပျောက်နေသောကြောင့် လိုက်လံရှာဖွေရာမှ ဆန်အိတ်ပိ၍ လုပ်သား အမျိုးသားတစ်ဦး သေဆုံးနေသည်ကို တွေ့ရှိခဲ့ကြောင်း သိရသည်။

“ဆန်အိတ်ပိမိတာ။ တစ်ယောက်ကို အသင်းတစ်ခုက ပို့တယ်။ အလုပ်သမားတွေစစ်တော့ တစ်ယောက်လိုနေတာတွေ့လို့ လိုက်ရှာတာ။ အဲ့ဒီမှာ ဆန်အိတ်ပိပြီး သေဆုံးနေတာတွေ့တယ်။ သေတဲ့ကောင်လေးက သူ့အမေနဲ့သူ့ ညီမလေးကို လုပ်ကိုင်ကျွေးနေတဲ့သူ။ သူက လူပျိုကြီး”ဟု ရုပ်အလောင်းအား သွားရောက်သယ်ဆောင်သည့် ကရုဏာတွဲလက်လူမှုကယ်ဆယ်ရေးအသင်းမှ တာဝန်ရှိသူတစ်ဦးက MT News သို့ ဖြေကြားသည်။

သေဆုံးသည့် အမျိုးသားမှာ အသက် ၂၈ နှစ်အရွယ်ခန့်ရှိပြီး ရုပ်အလောင်းကို လှိုင်သာယာဆေးရုံသို့ ပို့ဆောင်လိုက်ကြောင်း သိရသည်။

Photo – ZinMin

Leave a Reply

Your email address will not be published. Required fields are marked *