September 19, 2024

ပုံစာ- မြန်မာဘဏ်များနှင့် ငွေလွှဲဝန်ဆောင်မှုများ ရပ်ဆိုင်းမည်ဟု သတင်းအမှားများ ထွက်ပေါ်ခဲ့သော ထိုင်းနိုင်ငံ Kasikorn Bank (K Bank) နှင့် SCB ဘဏ်တို့ကို တွေ့ရစဉ်

၂. ၉. ၂၀၂၄
Written by Nyein Kyaw

ထိုင်းနိုင်ငံ Kasikorn Bank (K Bank) နှင့် Siam Commercial Bank (SCB) Myanmar အပါအဝင် ထိုင်းဘဏ်အချို့မှ မြန်မာနိုင်ငံဘဏ်များနှင့် ငွေကြေးလွှဲပြောင်းမှုများ ဆောင်ရွက်ပေးမှုကို ရပ်ဆိုင်းမည်ဆိုခြင်းမှာ မဟုတ်မှန်ကြောင်းနှင့် မြန်မာနိုင်ငံ၏ ကုန်သွယ်မှုလုပ်ငန်းများသည် တရားဝင်လုပ်ငန်းများဖြစ်ပြီး သံသယဖြစ်ဖွယ်မရှိသဖြင့် ဘဏ်ဝန်ဆောင်မှုများ ပုံမှန်အတိုင်း ဆောင်ရွက်နေကြောင်း မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ အသိပေးထုတ်ပြန်ထားသည်။

ထိုင်းနိုင်ငံ Kasikorn Bank (K Bank) နှင့် Siam Commercial Bank (SCB) Myanmar အပါအဝင် ဘဏ်အချို့မှ မြန်မာဘဏ်များနှင့် ငွေကြေးလွှဲပြောင်းမှုများဆောင်ရွက်ပေးမှုကို ၂၀၂၄ ခုနှစ်၊ ဩဂုတ်လကုန်တွင် ရပ်ဆိုင်းမည်ဖြစ်ကြောင်း သတင်းအမှားများ မြန်မာပြည်သူများအကြား ပြန့်ပွားလျက်ရှိသည်။

ထိုင်းနိုင်ငံ Kasikorn Bank (K Bank), Head Office ၊ Siam Commercial Bank (SCB) Myanmar တို့၏ ပြန်ကြားချက်များအရ ဘဏ်နှင့်ဆက်သွယ်ဆောင်ရွက်သူများအပေါ် အလေးထားစစ်ဆေးခြင်း (Enhanced Due Diligence -EDD) အရ စိစစ်ခြင်းသာ ဆောင်ရွက်ပြီး ငွေပေးချေမှု ဆောင်ရွက်ချက်များနှင့် လုပ်ငန်းများအားလုံး ပုံမှန်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

ထိုင်းနိုင်ငံ ဘဏ်များအနေဖြင့် ငွေကြေးဆိုင်ရာ စုံစမ်းထောက်လှမ်းရေးအဖွဲ့ (AMLO) ညွှန်ကြားချက်နှင့်အညီ လိုက်နာပြီး ငွေကြေးဝန်ဆောင်မှုများအား ဆောင်ရွက်လျက်ရှိကြောင်း၊ သံသယဖြစ်ဖွယ် လုပ်ငန်းဆောင်ရွက်ချက်များနှင့် တရားမဝင် ဆောင်ရွက်ချက်များရှိမှသာ သက်ဆိုင်ရာအာဏာပိုင်များ၏ ညွှန်ကြားချက်နှင့်အညီ ဘဏ်စာရင်းပိတ်သိမ်းခြင်းများကို ဆောင်ရွက်လျက်ရှိကြောင်း ထုတ်ပြန်ထားသည်။

ဘဏ်စာရင်းများမှ ငွေကြေးလွှဲပြောင်းမှု ဆောင်ရွက်ပေးခြင်းနှင့် ဘဏ်လုပ်ငန်းဝန်ဆောင်မှုပေးရာတွင် ဘဏ်နှင့်ဆက်သွယ်ဆောင်ရွက်သူများအပေါ် အလေးထားစစ်ဆေးခြင်း (Enhanced Due Diligence-EDD) လုပ်ငန်းစဉ်များဖြင့်သာ ငွေကြေးလွှဲပြောင်းမှု ဆောင်ရွက်လျက်ရှိကြောင်းနှင့် မြန်မာနိုင်ငံရှိ ကုန်သွယ်မှုလုပ်ငန်းများသည် တရားဝင်ကုန်သွယ်မှုများ ဆောင်ရွက်ခြင်းဖြစ်သည့်အတွက် သံသယဖြစ်ဖွယ် ဆောင်ရွက်ချက်များ မရှိသောကြောင့် ပုံမှန်ဘဏ်လုပ်ငန်းဝန်ဆောင်မှုများ ဆက်လက်ပေးမည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

Leave a Reply

Your email address will not be published. Required fields are marked *