September 19, 2024

၂.၉.၂၀၂၄
Written by TZ

ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ တောင်ဥက္ကလာပမြို့နယ်၊ ပါရမီလမ်း၊ Inno City ရှေ့ရှိ လမ်းဘေးပလက်ဖောင်းကို မော်တော်ဆိုင်ကယ်တစ်စီးက ဝင်တိုက်မိ၍ လဲသွားချိန် ဆိုင်ကယ်နောက်တွင် မောင်းနှင်လာသည့် YBS-10 ခရီးသယ်ယာဥ်က အရှိန်လွန်၍ ကြိတ်မိရာမှ ဆိုင်ကယ်မောင်းသည့်အမျိုးသား သေဆုံးသွားကြောင်း သိရသည်။

ဖြစ်စဥ်မှာ စက်တင်ဘာလ ၁ ရက် နေ့လည် ၁ နာရီ ၁၅ မိနစ်အချိန်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး မော်တော်ဆိုင်ကယ်တစ်စီးမှာ Inno City ရှေ့ရှိ ပလက်ဖောင်းကို တိုက်မိပြီး လဲကျသွားရာ အဆိုပါလမ်းအတိုင်းမောင်းနှင်လာသည့် YBS-10 ခရီးသယ်ယာဥ်မှာ ဘရိတ်အုပ်လိုက်သော်လည်း အရှိန်မထိန်းနိုင်ဘဲ လဲကျနေသည့် မော်တော်ဆိုင်ကယ်မောင်းသူအမျိုးသားကို တက်ကြိတ်မိခဲ့ကြောင်း သိရသည်။

“YBS က သူ့လမ်းအတိုင်းမောင်းလာတာ။ အဲ့ဒီမှာ ဆိုင်ကယ်မောင်းတဲ့သူက ပလက်ဖောင်းကိုတိုက်မိပြီးလဲတော့ သူ့လမ်းအတိုင်းမောင်းလာတဲ့ YBS က ကြိတ်မိတာ။ ဘရိတ်အုပ်လည်း မမီတော့ဘူး” ဟု မြန်မာနိုင်ငံလူမူကယ်ဆယ်ရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက MT News သို့ ဖြေကြားသည်။

ကားကြိတ်မိ၍သေဆုံးသည့် ရုပ်အလောင်းကို မြောက်ဥက္ကလာပဆေးရုံ ရင်ခွဲရုံသို့ ပို့ဆောင်လိုက်ကြောင်း သိရသည်။

Photo – Myanmar Rescue Organization Yangon

Leave a Reply

Your email address will not be published. Required fields are marked *