September 19, 2024

၂ .၉ .၂၀၂၄
Written by Hey Mar

ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး၊ မိုင်တိုင်အမှတ် (၃၁၁/၆)ဖာလုံမှာ ယာဉ်တိမ်းမှောက်မှုဖြစ်စဥ် ဒီနေ့ စက်တင်ဘာ ၂ ရက် မနက် ၆နာရီအချိန်ခန့်က ဖြစ်ပွားခဲ့ပြီး ၁ ဦးသေဆုံးကာ ၉ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့ထံက‌ သိရပါတယ်။

ဖြစ်စဉ်က ရန်ကုန်ကနေ မန္တ‌လေးကို မောင်းနှင်လာတဲ့ Express ယာဥ်က လူ ၂၅ ဦးနဲ့ စားဆီအပါအဝင် ကုန်မျိုးစုံကို တင်ဆောင်ပြီး မောင်းနှင်လာစဥ် မိုင်တိုင်အမှတ် (၃၁၁/၆)ဖာလုံမှာ လမ်းဘေးထိုးကျ တိမ်းမှောက်ခဲ့တာလို့ သိရပါတယ်။

မြေပြင်အကူသွားရောက်ခဲ့တဲ့ ဟိန္ဒူ မျိုးဆက်သစ် လူမှုကူညီ‌ရေးအသင်း တာဝန်ရှိသူက “ကျွန်တော်တို့ဆီ သတင်းရတော့ ၆ နာရီလောက်ပါဗျ။ ထိခိုက်ဒဏ်ရာရတာက အမျိုးသား ၂ ဦး၊ အမျိုးသမီး ၇ ဦး၊ အမျိုးသား ၁ ဦး သေတယ်။ သေတဲ့သူက ယာဉ်နောက်လိုက်တဲ့။ မှောက်တာက အိပ်ငိုက်တာလို့လည်း ပြောတယ်။ ဂျွိုက် ပြုတ်တာလို့လည်း ပြောကြတယ်။ ကျွန်တော်တို့အသင်းက ခါးရိုးကျိုးလူနာ၊ လက်ကျိုးတဲ့ လူနာနဲ့ ကလေးငယ် ၂
ဦးကို သယ်ဆောင်ပြီး မိတ္ထီလာဆေးရုံကြီးဆီ ပို့ပေးခဲ့ပါတယ်။ လူနာများတော့ အခေါက်ခေါက် အခါခါတော့ သယ်ရပါတယ် ” လို့ MT News ကို ပြောပါတယ်။

အဆိုပါ ယာဉ်တိမ်းမှောက်မှုကို ပြင်စည်အမြန်လမ်း မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ် ၁ စီး၊ သန္ဓေမီးတပ်တပ်ဖွဲ့ဝင်တွေနဲ့ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းတွေ သွားရောက်ဆောင်ရွက်ခဲ့တယ်လို့ သိရပါတယ်။ အဆိုပါ ယာဉ်ပေါ်ပါ အမျိုးသား ၈ ဦး၊ အမျိုးသမီး ၁၇ ဦး၊ စုစုပေါင်း၂၅ ဦးအနက် အမျိုးသားတစ်ဦး သေဆုံးပြီး အမျိုးသား ၂ ဦး ထိခိုက်ဒဏ်ရာ (မစိုးရိမ်ရ)၊ အမျိုးသမီး (၇)ဦး ထိခိုက်ဒဏ်ရာ (မစိုးရိမ်ရ)တို့ကို ဟိန္ဒူမျိုးဆက်သစ်လူမှုကူညီရေးအသင်းရဲ့ သူနာတင်ယာဉ်နဲ့ မိတ္ထီလာမြို့နယ်ပြည်သူ့ဆေးရုံးကြီးဆီ ပို့ဆောင်ပေးခဲ့တယ်လို့ သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *