September 19, 2024

၁. ၉. ၂၀၂၄
Written by MMAK

◾ ချဲလ်ဆီး Vs ခရစ္စတယ်ပဲလေ့စ်

အရင်နှစ် ရာသီကုန်ကာနီးမှာ အရမ်းကောင်းခဲ့တဲ့ ပဲလေ့စ်အသင်း အခုရာသီမှာ ရလဒ်တွေ သိပ်မကောင်းတာ တွေ့ရပါတယ်။ တောင်ပံကစားသမား အိုလစ်ဆီကို ရောင်းထုတ်လိုက်ပေမဲ့ သူ့နေရာအစားဝင်လာတဲ့ တိုက်စစ်ကစားသမား အဇီက အိုလစ်ဆီလောက် မကောင်းဘဲ တိုက်စစ်မှူး မာတီတာပါ ဂိုးပေါက်ပျောက်နေတာကြောင့် ပဲလေ့စ်အသင်း ခြေကျနေချိန်မှာ လန်ဒန်ဒါဘီပွဲစဥ်အဖြစ် ချဲလ်ဆီးအသင်းရဲ့ အိမ်ကွင်းမှာ ကစားရမှာ ဖြစ်တာကြောင့် အမှတ်ဗလာနဲ့ အိမ်ပြန်ရဖို့ ရှိပါတယ်။ ချဲလ်ဆီးအသင်းရဲ့ တိုက်စစ်က အရင်လို ကိုးလ်ပါးမား တစ်ယောက်ထဲအပေါ် မှီခိုနေရတာမျိုး မဟုတ်တော့ဘဲ ဂိုးသွင်းနိုင်တဲ့ အရည်အသွေးမြင့်ကစားသမားတွေ ပိုင်ဆိုင်ထားပါတယ် ။ ချဲလ်ဆီးအသင်းမှာ အဓိကလိုအပ်နေတဲ့ နောက်ချန်တိုက်စစ်မှူးနေရာကို အရည်အသွေးမြင့်တဲ့ ကိုးလ်ပါးမားကို ကစားစေခဲ့တာဟာ မာရက်စကာရဲ့ ကစားကွက်နဲ့ ချဲလ်ဆီးအသင်း ပိုကောင်းလာစေတဲ့အချက် ဖြစ်ပါတယ်။ ဒီပွဲမှာ  ချဲလ်ဆီးလ်အသင်းက တစ်လုံးသုံးဆယ်စားပေးထားပြီး ဂိုးပေါင်းကြေး သုံးလုံးနှစ်ဆယ်အရှုံး ဖြစ်ပါတယ်။ ပဲလေ့စ်အသင်းက ကစားပုံ မဆိုးပေမဲ့ တိုက်စစ်က ဂိုးရဖို့ ခက်နေသလို ခံစစ်ညံ့တာကြောင့် ချဲလ်ဆီးအသင်းကို သေချာပေါက် ဂိုးပေးရပါလိမ့်မယ်။ ထိပ်တိုက်တွေ့ဆုံမှုတွေမှာ သိသိသာသာ အသာရခဲ့သလို အိမ်ကွင်းမှာ အနိမ့်ဆုံး တစ်ဂိုးအသာနဲ့ အနိုင်ယူနိုင်စွမ်းရှိတဲ့ ချဲလ်ဆီးအသင်းကိုပဲ ရွေးချယ်ရပါမယ်။

◾ နယူးကာဆယ် Vs စပါး

နယူးကာဆယ်က အဝေးကွင်းညံ့ပေမဲ့ အိမ်ကွင်းဆိုရင် ဘယ်အသင်းဖြစ်ဖြစ် ယှဥ်ကစားနိုင်သလို အိမ်ကွင်းတိုက်စစ် ပိုကောင်းတဲ့ အသင်းမျိုး ဖြစ်ပါတယ်။ စပါးနည်းပြ အန်ဂျီက တိုက်စစ်အသားပေးအသင်းကို တည်ဆောက်ထားနိုင်ပေမဲ့ ခံစစ်က ဂိုးတွေပေးနေရတာကို ဖြေရှင်းနိုင်ဖို့ ကြိုးစားနေတဲ့ အခြေအနေမှာပဲ ရှိပါသေးတယ်။ ဒီနှစ်သင်းထိပ်တိုက် တွေ့ဆုံထားတဲ့ နောက်ဆုံး ခုနှစ်ပွဲမှာ ခြောက်ပွဲ ဂိုးပေါင်းအောင်ခဲ့ပြီး တစ်ပွဲကို အနိမ့်ဆုံး သုံးဂိုးလောက် သွင်းထားနိုင်တာ တွေ့ရပါတယ်။ ဒီပွဲမှာ ဘော်ဒီကြေး ဒဲ့ပေါက်နေပေမဲ့ ဂိုးပေါင်းကြေးက သုံးလုံး အရှုံး ဖြစ်ပါတယ်။ ဘော်ဒီကြေး ခပ်ပါးပါးသာ ပေးထားပေမဲ့ ဂိုးပေါင်းကြေးက တအားမြင့်တဲ့ပွဲတွေဆို အပြန်အလှန်သွင်းဂိုးတွေနဲ့ ဂိုးပေါ်တတ်တဲ့ ဖော်မြူလာပွဲ ဖြစ်ပါတယ်။ တိုက်စစ်အားသန်အသင်းတွေ ဖြစ်သလို ထိပ်တိုက်တွေ့ဆုံမှုတိုင်း အပြန်အလှန်သွင်းဂိုး မြင်တွေ့ရတတ်တဲ့ ဒီပွဲမှာ ဂိုးပေါ်တစ်ကြောင်းက လွဲပြီး တခြားရွေးချယ်စရာ မရှိပါဘူး။

◾မန်ယူ Vs လီဗာပူး

Super Sunday ညရဲ့ ပြိုင်ဆိုင်မှု ပြင်းထန်တဲ့ အင်္ဂလန်ဒါဘီပွဲ ဖြစ်ပြီး ဘယ်အသင်းအနိုင်ရသွားမလဲ ဆိုတာစောင့်ကြည့်ချင်စရာ အကောင်းဆုံး ပွဲစဥ် တစ်ပွဲ ဖြစ်ပါတယ်။ မန်ယူအသင်း ကစားပုံ မဆိုးပေမဲ့ ဖူဟမ်နဲ့ အိမ်ကွင်းပွဲမှာ ကပ်နိုင်ခဲ့ပြီး အရမ်းကောင်းတဲ့ ခြေစွမ်းမျိုး မတွေ့ရသလို ဘရိုက်တန်နဲ့ အဝေးကွင်းပွဲမှာလည်း သာမာန်ခြေစွမ်းလောက်သာ တွေ့ရပါတယ်။ နည်းပြတန်ဟတ်က အထောင်တိုက်စစ်မှူးလုံးဝမပါဘဲ ဖာနန်ဒက်ကိုနောက်ချန်တိုက်စစ်မှုး အနေနဲ့ အသုံးပြုနေတဲ့ ကစားကွက်ကို သိပ်မကြိုက်ဘဲ အရေးအကြောင်း ဂိုးသွင်းရမဲ့ အချိန်ဆို တိုက်စစ်မှူးက ရှေ့မှာ ရှိမနေဘဲ ဂိုးရဖို့အတွက် တောင်ပံကစားသမားတွေကိုသာ အားပြုနေရတာတွေ့ရပါတယ်။ လီဗာပူးနည်းပြသစ် စလော့ကတော့ နည်းပြကြီး ဂျာဂျင်ကလော့ရဲ့ နေရာကို အကောင်းဆုံး ဆက်ခံသူဖြစ်တယ်လို့ ပြောလို့ရပြီး လီဗာပူးအသင်းကို ကောင်းကောင်းတည်ဆောက်ထားနိုင်ပါတယ်။ ဒီပွဲမှာ လီဗာပူးက တစ်လုံးကိုးဆယ်စားပေးထားပြီး ဂိုးပေါင်းကြေး သုံးလုံး ငါးဆယ်အရှုံး ဖြစ်ပါတယ်။ ဂိုးပေါင်းကြေးအရ လီဗာပူး သေချာပေါက် ဂိုးရဖို့ ရှိနေပြီး လက်ရှိခြေစွမ်းမှာ လီဗာပူးအသင်းက ပိုသာပါတယ်။ ကြေးအရမ်းအောင်နေတဲ့ လီဗာပူးအသင်း ကြေးကျချိန်တန်နေပြီလို့ ယူဆနေကြသလို အိမ်ကွင်းမန်ယူကို အောက်ကြေးရမယ်ဆိုတဲ့ အနေအထားမှာ ထိုးသားတွေ မန်ယူဘော်ဒီကို လူကြိုက်များနေပါတယ်။ မန်ယူအသင်းနဲ့ ကစားခဲ့တဲ့ နောက်ဆုံးသုံးပွဲဆက် ကြေးကျထားတဲ့  လီဗာပူးအသင်း ကြေးပြန်အောင်မယ်လို့ ယူဆတဲ့အတွက် လီဗာပူးအသင်းကို ကြိုက်ပါတယ်။

◾ တီးနား Vs မွန်ဇာ

တီးနားအသင်းကနှစ်ပွဲကစားပြီးချိန်မှာ နှစ်ပွဲလုံး သရေကျခဲ့ပြီး ရဂိုးတစ်ဂိုးသာရထားသလို နှစ်ပွဲလုံး ကြေးကျထားပါတယ်။ မွန်ဇာအသင်းကလည်း တစ်ပွဲနိုင်တစ်ပွဲရှုံးနဲ့ ရဂိုးတစ်ဂိုးမှ မရသေးတဲ့အချိန်မှာ ဂိုးပေါင်းကြေး နှစ်လုံးရှစ်ဆယ် အရှုံးဆိုတဲ့ ပေါက်ကြေးက သံသယဖြစ်စရာ ကောင်းနေပါတယ်။ အီတလီစီးရီးအေဆိုတာ ဂိုးအောက်သွားလေ့ရှိတဲ့ လိဂ်တစ်ခုဖြစ်ပြီး သူတို့နှစ်သင်းထက် ဂိုးပိုသွင်းထားတဲ့ ပွဲစဥ်တွေမှာတောင် ဒီလောက်ဂိုးပေါင်းကြေး မပြင်းပါဘူး။ ဒီပွဲမှာ တီးနားအသင်းက ဘော်ဒီကြေး တစ်လုံးငါးဆယ်စားပေးထားပြီး ဂိုးပေါင်းကြေး နှစ်လုံးရှစ်ဆယ်အရှုံး ဖြစ်ပါတယ်။ ဒီပေါက်ကြေးအရဆို အိမ်ရှင်တီးနားအသင်း အနိုင်နဲ့ဂိုးပေါ် နှစ်ကွက်ထဲက တစ်ကွက်ဝင်နိုင်သလို နှစ်ကွက်လုံးလည်း ဝင်နိုင်ပါတယ်။ ကွန်းဖရင့်လိဂ်ပွဲ အပါအဝင် လေးပွဲဆက်ကြေးကျထားတဲ့ တီးနားအသင်း ကြေးပြန်အောင်ချိန်တန်နေပြီလို့ ယူဆထားပြီး ဂိုးပေါင်းကြေး မြင့်နေတဲ့ဘွတ်ကီဖော်လိုအရ အိမ်ရှင်တီးနားအသင်းနဲ့ ဂိုးပေါ် နှစ်မျိုးလုံးကို ရွေးချယ်ပေးချင်ပါတယ်။

◾ ဂျူဗင်တပ် Vs ရိုးမား

ဂျူဗင်တပ်အသင်းကို ကစားသမားဟောင်း သီယာဂိုမော့တာ ကိုင်တွယ်လိုက်ချိန်မှာ သိသိသာသာကို ကောင်းလာတာမျိုး တွေ့ရပါတယ်။ နှစ်ပွဲကစားပြီးချိန်မှာ နှစ်ပွဲလုံး သုံးဂိုးပြတ်နိုင်ခဲ့ပြီး တစ်ဂိုးမှ မပေးထားရဘဲ တိုက်စစ်ခံစစ် မျှတစွာ ကစားနိုင်သလို တန်ပြန်တိုက်စစ်ကစားပုံကနေ လေးဂိုးထိ သွင်းယူထားနိုင်တာ တွေ့ရပါတယ်။ ရိုးမားအသင်းကတော့ ပုံမှန်ခြေစွမ်းအောက်ရောက်နေပြီး အဝေးကွင်းသိပ်မကောင်းတဲ့ အသင်းဖြစ်ပါတယ်။ ဒီပွဲမှာ ဂျူဗင်တပ်အသင်းက တစ်လုံး ခုနစ်ဆယ်စားပေးထားပြီး ဂိုးပေါင်းကြေး နှစ်လုံး ခုနစ်ဆယ်အရှုံး ဖြစ်ပါတယ်။ ဒီပေါက်ကြေးအရ လက်ရှိခြေစွမ်းမှာ အကောင်းဆုံးပုံစံရနေတဲ့ ဂျူဗင်တပ်အသင်းက အနိုင်ရဖို့များပြီး အရှုံးအနိုင် အဖြေပေါ်အောင်ကန်မဲ့ ပွဲစဥ်ဖြစ်တဲ့အတွက် အနိုင်ရဖို့ဆိုရင် အိမ်ရှင်ဂျူဗင်တပ်ကိုပဲ ရွေးရမှာပါ။ ဒီရော့ဆီရဲ့ ရိုးမားအသင်း ကစားသမားအသစ်တွေနဲ့ အထိုင်မကျသေးဘဲ အဝေးကွင်းအားနည်းတဲ့အချက်ကြောင့် ဂျူဗင်တပ်အသင်းကို ကြိုက်ပါတယ်။

◾ရီးရဲမက်ဒရစ် Vs ဘက်တစ်

လူငယ်ကစားသမားတွေနဲ့ အကောင်းဆုံးခြေစွမ်းပိုင်ဆိုင်ထားတဲ့  နည်းပြအန်ဆယ်လော့တီရဲ့ ရီးရဲအသင်းကို အမ်ဘာပေ ထပ်ရောက်လာချိန်မှာ တော်တော်လေးမျှော်လင့်ထားခဲ့ပေမဲ့ ထင်သလိုဖြစ်မလာခဲ့ပါဘူး။ ဗင်နီးဆီးယက်နဲ့ အမ်ဘာပေတို့အကြားမှာ သဟဇာတသိပ်မဖြစ်တာမျိုးတွေ့နေရပြီး သူတို့နှစ်ယောက်ကြားမှာ နည်းပြအန်ဆယ်လော့တီလည်း အကျပ်ရိုက်နေတဲ့ အနေအထားမျိုးတွေ့ရသလို ဒီပြဿနာတွေ ဖြေရှင်းဖို့နဲ့ ရလဒ်ကောင်းဖို့အတွက် ဒီပွဲက အရေးကြီးပါတယ်။ ဘာစီလိုနာအသင်းက လေးပွဲလုံးအနိုင်ရပြီး ဆယ့်နှစ်မှတ်ရထားချိန်မှာ ရီးရဲအသင်းက တစ်ပွဲလျော့နဲ့ ရှစ်မှတ်ထိကွာဟနေတာကြောင့် သေချာပေါက် အနိုင်ရဖို့ လိုနေပါတယ်။
ဘက်တစ်အသင်းက ဂိုးသွင်းနိုင်တဲ့ အသင်းဖြစ်ပြီး ရီးရဲနဲ့ကစားခဲ့တဲ့ နောက်ဆုံးဆယ်ပွဲမှာ နှစ်ဂိုးပြတ်ရှုံးတဲ့ပွဲ မရှိတဲ့အတွက် ရီးရဲဘော်ဒီအောင်ပါ့မလားဆိုတာ သံသယ ဖြစ်နေပါတယ်။ ဒီပွဲမှာရီးရဲအသင်းက နှစ်လုံးခုနှစ်ဆယ်စားပေးထားပြီး ဂိုးပေါင်းကြေး သုံးလုံးသုံးဆယ်အရှုံး ပေါက်ပါတယ်။ ရီးရဲအသင်း ဒီပွဲနိုင်ရင်တောင် ဘာစီလိုနာနဲ့ လေးမှတ်ပြတ်မှာ ဖြစ်တဲ့အတွက် ဒီပွဲအနိုင်ရထားဖို့လိုပြီး အိမ်ကွင်းဖြစ်တဲ့အတွက် ဂိုးရဖို့ သေချာသလောက်ရှိနေပြီး ဘက်တစ်အသင်းလည်း ဂိုးရနိုင်တယ်လို့ ယူဆထားတဲ့ အတွက် ဂိုးပေါ် ကြိုက်ပါတယ်။ အနိမ့်ဆုံး သုံးဂိုးလောက်ထိ မြင်ရနိုင်လို့ ပြားသုံးဆယ်ရင်းပြီး ဂိုးပေါ် နေပါမယ်။

Leave a Reply

Your email address will not be published. Required fields are marked *