September 19, 2024

၁.၉.၂၀၂၄
Written by TZ

မန္တလေးတိုင်းဒေသကြီး၊ မန္တလေးမြို့၊ ရန်ကုန်-မန္တလေး၊ မိုင်တိုင် (၃၆၃/၁) ဖာလုံအနီးရှိ တောင်သမန်အင်းထဲသို့ ရေချိုးသည့် လူငယ်အမျိုးသားတစ်ဦး ရေနစ်၍ သေဆုံးသွားကြောင်း သိရသည်။

ဖြစ်စဥ်မှာ ယနေ့စက်တင်ဘာလ ၁ ရက် နေ့လယ် ၂ နာရီခွဲအချိန်တွင် အမျိုးသားတစ်ဦး ရေနစ်ကြောင်း မြန်မာ နိုင်ငံလူမူကယ်ဆယ်ရေးအဖွဲ့ ( မန္တလေးတိုင်းရုံး) သို့ ပြည်သူများမှ ဖုန်းဆက်အကူအညီတောင်းသောကြောင့် ရေနစ်သူကို နေ့လယ် ၃ နာရီ ၅ မိနစ်အချိန်တွင်ရေငုပ်ရှာဖွေရာ ၃ နာရီ ၁၄ မိနစ်အချိန်တွင် ရုပ်အလောင်းကို ရှာဖွေတွေ့ရှိခဲ့ကြောင်း သိရသည်။

“ရေနစ်တဲ့ကောင်လေးက မန္တလေးမြို့မှာ အလုပ်လာလုပ်တဲ့သူလို့ ပြောတယ်။ သူငယ်ချင်းတွေနဲ့ အတူတူရေချိုးရင်း သူကရေနစ်သွားတာ” ဟု မြန်မာနိုင်ငံလူမူကယ်ဆယ်ရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက MT News သို့ ပြောသည်။

ရေနစ်သေဆုံးသည့် လူငယ်မှာ အသက် ၂၃ နှစ်သာရှိပြီး အလောင်းကို မန္တလေးပြည်သူ့ဆေးရုံသို့ ပို့ဆောင်လိုက်ကြောင်း သိရသည်။

Photo – Hlaing Min Oo

Leave a Reply

Your email address will not be published. Required fields are marked *