September 19, 2024

၁.၉.၂၀၂၄
Written by TZ

မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေခရိုင်၊ ပြည်ကြီးတံခွန်မြို့နယ်၊ ၁၂၅+၆၀ (D) လမ်းတွင် အသက် (၆၅) အရွယ် အဘိုးအိုမောင်းနှင်လာသည့် မီးနီအိုးဝေကို Alphard ယာဥ်က ဝင်တိုက်ပြီးထွက်ပြေးမှုဖြစ်ပွားခဲ့ပြီး အိုးဝေမောင်းသည့်အဘိုးအို ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ဖြစ်စဥ်မှာ သြဂုတ်လ ၃၁ ရက် ည ၁၁ နာရီဝန်းကျင်ကဖြစ်ပွားခဲ့ပြီး ဖြစ်စဥ်အနီးအနားရှိပြည်သူများမှ ရွှေမဥ္ဇူပရဟိတလူမှုကူညီရေးအသင်းသို့ ဖုန်းဆတ်အကူအညီတောင်းသောကြောင့် ဒဏ်ရာရရှိသည့် လူနာကို ဆေးရုံသို့ ပို့ဆောင်လိုက်ကြောင်း သိရသည်။

“ပတ်ဝန်းကျင်က လူတွေပြောတာက အိုးဝေကို ကားက တိုက်မိပြီး ထွက်ပြေးသွားတာ။ တိုက်တဲ့ကားလည်း ပျက်စီးတာတွေရှိတယ်တဲ့။ တိုက်တဲ့ကားကတော့ မောင်းပြေးသွားတယ်။ အိုးဝေလည်းပျက်စီးသွားတယ်။ အိုးဝေမောင်းတဲ့ အဘိုးလည်း နဖူးနဲ့ညာဘက်လက်မှာ ပွန်းပဲ့ဒဏ်ရာရတယ်” ဟု ရွှေမဥ္ဇူပရဟိတလူမှုကူညီရေးအသင်းမှ တာဝန်ရှိသူတစ်ဦးက MT News သို့ ပြောသည်။

ယာဥ်တိုက်မှုကြောင့် ထိခိုက်ဒဏ်ရာရရှိသည့် မီးနီအိုးဝေမောင်းသည့် အဘိုးအိုမှာ ပြည်ကြီးတံခွန်မြို့ပေါ်တွင် နေထိုင်သူဖြစ်ကြောင်းလည်း သိရသည်။

Photo – Aung Soe Oo

Leave a Reply

Your email address will not be published. Required fields are marked *