September 19, 2024

၁.၉.၂၀၂၄
Written by TZ

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့၊ ရှမ်းရွာကြီးကျေးရွာတွင် စိတ်ပုံမှန်မဟုတ်သည့် အမျိုးသားတစ်ဦး နေအိမ်တွင် ကြိုးဆွဲချ(ဆွဲကြိုးချ) အဆုံးစီရင်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

ဖြစ်စဥ်မှာ သြဂုတ်လ ၃၁ ရက် ညနေ ၄ နာရီဝန်းကျင်တွင် ကြိုးဆွဲချ၍ အဆုံးစီရင်သည့် အမျိုးသား၏ ယောက္ခမဖြစ်သူမှာ တရားစခန်းမှအပြန်လာရာ နေအိမ်၏တံခါးကို ဖွင့်ကြည့်ရာမှ အမြင့် ၁၁ ပေခန့်ရှိသည့် ထုပ်တန်းတွင် ၆ ပေခန့်ရှည်သည့် နိုင်လွန်ကြိုးဖြင့် ကြိုးဆွဲချ၍ အဆုံးစီရင်သည်ကို တွေ့မြင်ခဲ့ကြောင်း သိရသည်။

“သူက ရွာသာကြီးမှာ ဆေးတစ်ခါကုထားတယ်လို့ မိသားစုတွေက ပြောတယ်။ ယောက္ခမက တရားစခန်းသွားလို့ အဲ့ဒီအိမ်ကိုသွားနေတာ။ သူက စိတ်တွေနောက်နောက်နေတယ်လို့ပြောတယ်။ စိတ်တွေလည်းမကြည်ဘူးပြောတယ်။ အရင်က။ သူက နေ့ခင်းအိပ်ရင် သူ့အိမ်ကိုပြန်အိပ်တာ။ အဲ့ဒီမှာ ယောက္ခမပြန်လာတော့ အိပ်တာမထသေးလို့ဆိုပြီး သွားကြည့်တော့ ကြိုးဆွဲချပြီးသေနေတယ်သိတာ”ဟု ရှမ်းရွာကြီးကျေးရွာတွင် သူတစ်ဦးက MT News သို့ ပြောသည်။

ကြိုးဆွဲချ၍ အဆုံးစီရင်သည့် အမျိုးသားမှာ အသက် (၃၅) နှစ်အရွယ် ကိုမောင်ဖြိုးဆိုသူဖြစ်ကြောင်း ၎င်းတွင်ရင်သွေးတစ်ဦးရှိကြောင်းလည်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *