September 19, 2024

၁ .၉. ၂၀၂၄

Written by Hey Mar

ညဘက် စက်ဘီးစီးလာသူကို ယာဉ်တစ်စီးက နောက်ကနေ ဝင်တိုက်ပြေးတဲ့ ဖြစ်စဉ် လှိုင်သာယာမြို့နယ်၊ အလယ်ရွာထိပ်မှာ ဖြစ်ပွားခဲ့ပြီး ယာဉ်တိုက်ခံရသူက နေရာတင် သေဆုံးခဲ့တဲ့ဖြစ်စဥ် မနေ့က ဩဂုတ် ၃၁ ရက် ည ၁၀ နာရီကျော် အချိန်ခန့်က ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

ဖြစ်စဉ်က လှိုင်သာယာမြို့နယ်၊ ရွှေပြည်သာတံတားအဆင်း အလယ်ရွာထိပ်မှာ စက်ဘီးစီးသူတစ်ဦး ကားတိုက်‌ပြေးသွားကြောင်း သတင်းရရှိတာကြောင့်
လှိုင်သာယာအခြေစိုက် သွေးဒါနမျိုးဆက် လူမှုကူညီရေးအသင်းက မြေပြင်အကူအညီသွားရောက်ခဲ့တယ်လို့ သိရပါတယ်။

အသင်းမှ တာဝန်ရှိသူ “တိုက်ခံရသူက ဦးခေါင်းထိခိုက်ပြင်းထန်ဒဏ်ရာမို့ ‌အင်းစိန်ဘက်က တက်လာတဲ့ ကနောင်လူမှုကူညီရေးနဲ့အတူ ကျွန်တော်တို့ မြေပြင်ပြုစုမှုအကူအညီပေးပြီး ဆေးရုံတင်ဖို့ လုပ်စဉ်မှာပဲ ရရှိတဲ့ ဦးခေါင်းဒဏ်ရာနဲ့ သေဆုံးတယ် ခင်ဗျ။ ရဲလုပ်ငန်းစဉ်တွေဆက်လုပ်နိုင်အောင် လှိုင်သာယာဆေးရုံဆီ ကနောင်အသင်းက ပို့ဆောင်ပေးခဲ့ပါတယ်။ သေဆုံးသူရဲ့ မိသားစုဝင်တွေတော့ အခုထိ အဆက်အသွယ်မရသေးပါဘူး။ ကူညီဆောင်ရွက်နေကြဆဲပါ” လို့ MT News ကို ပြောပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *