September 19, 2024

၁.၉.၂၀၂၄
Written by TZ

ရှမ်းပြည်နယ်၊ မူဆယ်ခရိုင်၊ မူဆယ်မြို့၊ Best House ဟိုတယ်အနီးတွင် အိမ်စီးယာဥ်ထဲ၌ ယာဥ်မောင်းလာသူအမျိုးသားတစ်ဦး သေနတ်ပစ်ခတ်ခံရ၍ သေဆုံးမှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

အဆိုပါဖြစ်စဥ်မှာ သြဂုတ်လ ၂၉ ရက် ည ၁၁ နာရီခွဲအချိန်တွင် တည်းခိုခန်းတစ်ခုမှ ရွှေလင်းရောင်လူမှုကူညီရေးအသင်းသို့ ဖုန်းဆက်အကြောင်းကြားသောကြောင့် ဖြစ်စဥ်နေရာသို့ရောက်ရှိကူညီခဲ့ပြီး ရုပ်အလောင်းကို မူဆယ်ဆေးရုံကြီးရှိ ရင်ခွဲရုံသို့ ပို့ဆောင်လိုက်ကြောင်း သိရသည်။

“ညာဘက်ရင်ဘတ်အောက်မှာ သေနတ်ပစ်ခံရပြီး ကောင်လေးဆုံးသွားတယ်။ အဲ့ဒီကားမှာ ကောင်မလေးတစ်ယောက်လည်းပါတယ်။ သူ့ကိုတော့ ဘာမှမလုပ်သွားဘူး။ အလောင်းပိုင်ရှင်သိတော့ ၃၀ ရက်နေ့က ဆေးရုံကနေ အိမ်ကိုပို့တယ်။ သေနတ်ပစ်ခံရတဲ့သူရဲ့အိမ်ကတော့ လူတစ်ယောက်သေရင် တရုတ်ရိုးရာလို ပြင်ဆင်ထားတယ် ” ဟု မူဆယ်မြို့တွင် နေထိုင်သူတစ်ဦးက MT News ၏ မေးမြန်းမှုကို ဖြေကြားသည်။

သေနတ်ပစ်ခတ်ခံရ၍ အခင်းနေရာ၌သေဆုံးသည့် အမျိုးသားမှာ အသက် (၃၀) ဝန်းကျင်ရှိပြီး ကွတ်ခိုင်မြို့ပေါ်တွင် နေထိုင်သူဖြစ်ကြောင်း သိရသည်။

ဓာတ်ပုံ – ရွှေလင်းရောင်လူမှုကူညီရေးအသင်း

Leave a Reply

Your email address will not be published. Required fields are marked *