September 19, 2024

၁. ၉. ၂၀၂၄
Written by Nay Moe

ရန်ကုန်တက္ကသိုလ်၊ ရေနှင့်ပတ်ဝန်းကျင်ပညာဌာနက ဒေါက်တာဘွဲ့ရ တွဲဘက်ပါမောက္ခဖြစ်ပေမဲ့ NUG ကို ယုံကြည်ပြီး CDM လုပ်တာကြောင့် ထိုင်းနိုင်ငံကို ထွက်ပြေးချိန်မှာ ငါးနှစ်အရွယ်သမီးငယ်ကို ခေါ်ဆောင်သွားတာကြောင့် သမီးဖြစ်သူကို NUG ကို ထူထောင်ခဲ့တဲ့ NLD ပါတီရဲ့ တွံတေး NLD ပါတီအတွင်းရေးမှူး အောင်မင်းက သက်ငယ်မုဒိမ်းပြုကျင့်မှုခံခဲ့ရပြီး ဒီဖြစ်စဥ်ကို NUG ထံ တိုင်ကြားခဲ့ရာမှာ NUG ရဲ့ PDF တွေက မဲဆောက်အထိ အောင်မင်းကို ဖမ်းဆီးပြီးမှ ပြန်လွှတ်ပေးခဲ့အပြီး တစ်နှစ်ကျော်အကြာမှာ သက်ငယ်မုဒိမ်းပြုကျင့်သူအောင်မင်းကို အရေးယူပေးဖို့ တောင်းဆိုကြတာကြောင့် NLD ပါတီရဲ့ တွံတေးအတွင်းရေးမှူးသက်ငယ်မုဒိမ်းတရားခံကို NUG က ဖမ်းဝရမ်း ထုတ်လာခဲ့ပြီဖြစ်ပါတယ်။

NUG၊ NLD နဲ့ PDF တွေရဲ့ လူသတ်လုယက် မုဒိမ်းမှုကို အရေးမယူဘဲ ကာကွယ်ပေးတာ၊ မသိကျိုးကျွံထားတာဘဲ အမြဲလုပ်နေတဲ့ NUG ဟာ တွံတေး NLD ပါတီအတွင်းရေးမှူးအောင်မင်းကို မဲဆောက်အထိ သွားရောက် ဖမ်းဆီးပြီးမှ လွှတ်ပေးခဲ့တဲ့ ဖြစ်စဥ်က ပြီးခဲ့တဲ့ ၂၀၂၃ မေလ ၇ ရက်က ဖြစ်ခဲ့တာဖြစ်ပြီး ဒီဖြစ်စဥ်ဟာ တစ်ကျော့ပြန်လှုပ်ရှားလာလို့ အခု ၂၀၂၄ ခုနှစ် ဩဂုတ် ၃၀ ရက်ကြမှ အောင်မင်းကို NUG ရဲ့ ကလေးမြို့နယ်တရားသူကြီးဆလိုင်းဂျေက ဝရမ်းထုတ်လာခဲ့တာပါ။

ရန်ကုန်တက္ကသိုလ်၊ ရေနှင့်ပတ်ဝန်းကျင်ပညာဌာနက ဒေါက်တာဘွဲ့ရ တွဲဘက်ပါမောက္ခဖြစ်ပေမဲ့ NUG ကို ယုံကြည်ပြီး CDM လုပ်တာကြောင့် ထိုင်းနိုင်ငံကို ထွက်ပြေးလာသူအမျိုးသမီးဟာ သူ့ရဲ့ ငါးနှစ်အရွယ်သမီးငယ်နဲ့အတူ တွံတေး NLD ပါတီရဲ့ အတွင်းရေးမှူး အသက် ၆၅ နှစ်ဝန်းကျင် အောင်မင်းတို့ မိသားစုဘေးနေအိမ်မှာ အတူနေထိုင်ရင်း ၂၀၂၃ ဧပြီကာလ ဆုန်ခရန်သင်္ကြန်တွင်းမှာ အောင်မင်းက ငါးနှစ်သမီးလေးကို ရှေ့အင်္ဂါရော၊ နောက်အင်္ဂါကိုပါ စပ်ယှက်ပြီး သက်ငယ်မုဒိမ်းကျင့်မှုအပြင် ဓမ္မတာနဲ့ဆန့်ကျင်ပြီးပါ မုဒိမ်းကျင့်ခဲ့တာပါ။

အဲဒါကြောင့် CDM လုပ်မိတဲ့ ဒေါက်တာဘွဲ့ရမိခင်က Suwannamit Foundation ကို အမှုအပ်ပြီး NUG ထံတိုင်စာပို့မှုကို ၂၀၂၄ မေလမှာ NUG ကိုတိုင်စာပို့ခဲ့သလို မဲဆောက်ခရိုင်တရားရုံးမှာလည်း လျှောက်ထားခဲ့တာပါ။ အဲဒီနောက် သက်ငယ်မုဒိမ်းတရားခံ တွံတေး NLD ပါတီအတွင်းရေးမှူးအောင်မင်းဟာ ထိုင်းနိုင်ငံ၊ မဲဆောက်မြို့မှာ ဖမ်းဆီးခံရပြီး မြန်မာနိုင်ငံဘက် ပြန်ပို့ရင် NUG ရဲ့ ဇာတ်ရှုပ်တွေပါ ပေါ်မှာစိုးရိမ်လာတာကြောင့် NUG ရဲ့ PDF တွေဟာ သက်ငယ်မုဒိမ်းတရားခံအောင်မင်းကို တိုင်စာရောက်အပြီး နောက်ရက်မှာပဲ မဲဆောက်အထိတက်ပြီး ဖမ်းဆီးခဲ့ပေမဲ့ အမှူက မဲဆောက်ဆေးရုံကြီး၊ မဲဆောက်ရဲစခန်းနဲ့ မဲဆောက်တရားရုံးအထိရောက်သွားတာကြောင့် ထိုင်းအစိုးရထံ သက်ငယ်မုဒိမ်းမှုတရားခံ NLD ပါတီအတွင်းရေးမှူးအောင်မင်းကို လွှဲပြောင်းပေးရမဲ့အလားအလာရှိတာကြောင့် ဖမ်းမိပြီးရက်ပိုင်းအတွင်းမှာပဲ အောင်မင်းက ထွက်ပြေးတယ်ဆိုတဲ့ စာတစ်စောင်ချန်စေခဲ့ပြီး လွှတ်ပေးလိုက်တာပါ။

ဒီအမှူဖြစ်စဥ်နဲ့ပတ်သက်လို့ သက်ငယ်မုဒိမ်းတရားခံအောင်မင်းကို NUG နဲ့ PDF တွေက ဖမ်းဆီးပြီးမှ ပြန်လွှတ်ပေးပြီး တစ်နှစ်နဲ့လေးလအကြာ ၂၀၂၄ ဩဂုတ်လကြမှ အမျိုးသမီးနဲ့ကလေးသူငယ်အရေးလှုပ်ရှားသူတွေက တစ်ကျော့ပြန်တောင်းဆိုလာမှ အောင်မင်းကို NUG က ဖမ်းဝရမ်းထုတ်ပေမဲ့ လက်ရှိအချိန်မှာတော့ NUG နဲ့ PDF တွေလက်ထဲက လွတ်မြောက်သွားတဲ့အောင်မင်းဟာ ဘယ်သူနဲ့မှအဆက်အသွယ်မရတော့ဘဲ လုံးဝပျောက်ဆုံးနေပြီဖြစ်ပါတယ်။

NUG ရဲ့ PDF တွေဟာ အမျိုးသမီးတွေကို ဖမ်းဆီးမုဒိမ်းကျင့်မှု မကြာခဏကျုးလွန်ပေမဲ့ NUG က အရေးမယူခဲ့သလို တရားခံတွေဖမ်းပြီးမှ ပြန်လွှတ်ပေးတဲ့ဖြစ်စဥ်တွေလည်းရှိခဲ့ပါတယ်။ ၂၀၂၂ ခုနှစ် ဩဂုတ် ၂၉ ရက်နေ့မှာ စစ်ကိုင်းတိုင်း၊ ချောင်းဦးမြိုနယ်ကျေးရွာတစ်ခုက NUG ဩဇာခံ ပကဖအဖွဲ့ဝင် ၄ ဦးဟာ အသက်မပြည့်သေးတဲ့ ကလေးငယ်တွေအပါအဝင် အမျိုးသမီးတွေ စုစုပေါင်း ၇ ဦးကို အကြောင်းပြချက်မခိုင်လုံဘဲ ဖမ်းဆီးပြီး မုဒိမ်းကျင့် သတ်ဖြတ်လိုက်မှုနဲ့ ၂၀၂၃ ဧပြီလအတွင်းမှာ ရန်ကုန်ကနေ ဆောမြို့နယ်ကို လာအလုပ်လုပ်တဲ့ အသက် ၂၂ နှစ်အရွယ် အမျိုးသမီးငယ်တစ်ဦးကို ဆောပလဖအဖွဲ့ဝင် PDF ၈ ဦးက အကြိမ်ကြိမ်မုဒိမ်းကျင့်ခဲ့ပြီး ဒီဖြစ်စဥ်နှစ်ခုမှာ တရားခံတွေကို ဖမ်းပြီးမှ ထွက်ပြေးလွတ်မြောက်သွားတယ်ခေါင်းစဥ်နဲ့ ပြန်လွှတ်ပေးမှုရှိခဲ့ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *