September 19, 2024

၁. ၉. ၂၀၂၄
Written by Nyein Kyaw

ပြည်တွင်း ပုဂ္ဂလိဘဏ်များအနေဖြင့် အပ်ငွေအပေါ် အတိုးနှုန်းအား ယနေ့ စက်တင်ဘာ ၁ ရက်မှစတင်ပြီး အပ်ငွေအမျိုးအစားအပေါ်မူတည်ကာ အနည်းဆုံး ၈ ရာခိုင်နှုန်းမှ အများဆုံး ၁၂ ဒသမ ၅ ရာခိုင်နှုန်းအတွင်း တိုးမြှင့်ပြင်ဆင်သတ်မှတ်လိုက်သည်ကို ပြည်တွင်းဘဏ်အချို့၏ ထုတ်ပြန်ချက်အရ သိရသည်။

ငွေကြေးဖောင်းပွမှုနှုန်း လျော့ကျစေရန်နှင့် ဘဏ်များမှ ချေးငွေပိုမိုထုတ်ချေးနိုင်ရန်တို့အတွက် ဗဟိုဘဏ်အတိုးနှုန်း၊ ဘဏ်များက အပ်ငွေများအပေါ်ပေးသည့် အတိုးနှုန်းနှင့် ချေးငွေများအပေါ် ကောက်ခံနိုင်သည့် အတိုးနှုန်းများကို ပြင်ဆင်သတ်မှတ်လိုက်ကြောင်း ဗဟိုဘဏ်မှ ဩဂုတ်လ ၁၄ ရက်တွင် ထုတ်ပြန်ပြီးနောက် ပြည်တွင်းဘဏ်များက အပ်ငွေအပေါ် အတိုးနှုန်းတိုးမြှင့်ထားမှုများအား အသိပေးကြေညာခဲ့ခြင်းဖြစ်သည်။

ဗဟိုဘဏ်၏ ပြင်ဆင်သတ်မှတ်ချက်အရ စက်တင်ဘာ ၁ ရက်မှစတင်၍ ဘဏ်များက အပ်ငွေများအပေါ်ပေးရမည့် အနည်းဆုံးအတိုးနှုန်းကို ၇ ရာခိုင်နှုန်းနှင့် ချေးငွေများအားလုံးအတွက် ကောက်ခံနိုင်သည့် အများဆုံးအတိုးနှုန်းကို ၁၅ ရာခိုင်နှုန်း ပြင်ဆင်သတ်မှတ်လိုက်ပြီး ဘဏ်များအနေဖြင့် မိမိတို့၏အမြတ်ရနိုင်စွမ်းနှင့် ဆုံးရှုံးနိုင်ခြေစီမံခန့်ခွဲနိုင်မှုအရ အပ်ငွေနှင့် ချေးငွေအတိုးနှုန်းများအား ၇ ရာခိုင်နှုန်းမှ ၁၅ ရာခိုင်နှုန်းအတွင်း သတ်မှတ်နိုင်ကြောင်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *