September 19, 2024

၃၁. ၈. ၂၀၂၄
Written by Nyein Kyaw

လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူခြင်းနှင့် ပတ်သက်ပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ (SAC) ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က စက်တင်ဘာ ၁ ရက်(မနက်ဖြန်) နံနက် ၈ နာရီတွင် နိုင်ငံပိုင်မီဒီယာများမှတစ်ဆင့် မိန့်ခွန်းပြောကြားမည်ဖြစ်ကြောင်း SAC သတင်းထုတ်ပြန်ရေးအဖွဲ့မှ အသိပေးကြေညာထားသည်။

“နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ၂၀၂၄ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ကောက်ယူခြင်းအထိမ်းအမှတ် ပြည်သူသို့ ပြောကြားသည့်မိန့်ခွန်းအား ၂၀၂၄ ခုနှစ် စက်တင်ဘာ ၁ ရက်နေ့ နံနက် ၈ နာရီ ၊ မွန်းတည့် ၁၂ နာရီ၊ ညနေ ၄ နာရီနှင့် ည ၈ နာရီအချိန်များတွင် MRTV – HD Channel । MRTV – News Channel – MWD – HD Channel । MWD Variety Channel၊ မြန်မာ့အသံရေဒီယို၊ သဇင် FM နှင့် MRTV App: အပါအဝင် Online တို့မှ ထုတ်လွှင့်သွားမည်ဖြစ်သည်” ဟု SAC သတင်းထုတ်ပြန်ရေးအဖွဲ့မှ အသိပေးကြေညာထားသည်။

Leave a Reply

Your email address will not be published. Required fields are marked *