September 19, 2024

၃၁. ၈. ၂၀၂၄
Written by MMAK

◾ ဘရန့်ဖို့ Vs ဆောက်သမ်တန်

ဆောက်သမ်တန်အသင်းက ကစားပုံ မဆိုးပေမဲ့ တိုက်စစ်က ဂိုးရအောင် မသွင်းနိုင်တာ ပြဿနာ ဖြစ်ပါတယ်။ အဝေးကွင်း ဖြစ်နေတဲ့အပြင် ဘရန့်ဖို့အသင်းက အိမ်ကွင်းပိုကောင်းတဲ့ အသင်းမျိုး ဖြစ်တဲ့အတွက် ဆောက်သမ်တန်အသင်းအတွက် ခက်ခဲဦးမဲ့ ပွဲစဥ်တစ်ပွဲ ဖြစ်ပါတယ်။ ဘရန့်ဖို့အသင်းရဲ့ အိမ်ကွင်းတိုက်စစ်က ဂိုးရအောင် သွင်းနိုင်တဲ့အတွက် ဘရန်ု့ဖို့အသင်းသာ ဂိုးရသွားရင် ဆောက်သမ်တန် ဂိုးပြန်သွင်းနိုင်ဖို့ဆိုတာ မသေချာပါဘူး။ ဒီပွဲမှာ အိမ်ရှင်ဘရန်ု့ဖို့အသင်းက တစ်လုံး ခုနှစ်ဆယ်စား ပေးထားပြီး ဂိုးပေါင်းကြေး သုံးလုံးခုနှစ်ဆယ်စား ဖြစ်ပါတယ်။ အောက်ကြေးဆောက်သမ်တန်အသင်း ကြေးပြန်အောင်သင့်နေပြီ ဖြစ်ပေမဲ့ ဒီပွဲမှာတော့ မဖြစ်နိုင်သေးပါဘူး။ ဂိုးပေါင်းကြေး အရဆိုရင်လည်း ဘရန့်ဖို့အသင်းက ဂိုးသွင်းမှ ဂိုးပေါင်းအောင်မဲ့ ပေါက်ကြေးမျိုးဖြစ်တဲ့အတွက်  အိမ်ရှင်ဘရန့်ဖို့အသင်း သွင်းဂိုးရဖို့ သေချာသလောက်ရှိပါတယ်။ အိမ်ကွင်းကောင်းတဲ့ ဘရန့်ဖို့ကပဲ အနိုင်ရသွားမယ်လို့ ယူဆတာကြောင့် ဘရန့်ဖို့ ဘော်ဒီကိုပဲ ရွေးချယ်ပေးချင်ပါတယ်။

◾ အဲဗာတန် Vs ဘုန်းမောက်

အဲဗာတန်အသင်းက နှစ်ပွဲကစားထားရာမှာ နှစ်ပွဲလုံး ရှုံးနိမ့်ထားပြီး သွင်းဂိုးတစ်ဂိုးမှ မရသေးဘဲ ခုနှစ်ဂိုးထိပေးခဲ့ရပါတယ်။ ဘုန်းမောက်အသင်းက နှစ်ပွဲလုံး သရေကျထားပေမဲ့ နော်တင်ဟန်ဖောရက်အသင်းရဲ့ အိမ်ကွင်းမှာ ကောင်းကောင်းယှဥ်ကစားနိုင်ခဲ့ပြီး အိမ်ကွင်းပွဲမှာလည်း နယူးကာဆယ်လိုအသင်းကို အနိုင်ရလုနီးပါး ကစားနိုင်ခဲ့ပါတယ်။ လက်ရှိ ခြေစွမ်းမှာ ဘုန်းမောက်အသင်းက ပိုကောင်းနေတာမျိုး တွေ့ရတဲ့အတွက် အဝေးကွင်း ဘုန်းမောက်အသင်းက ပြားနှစ်ဆယ်အရှုံးပြန်ပေးထားပြီး ဂိုးပေါင်းကြေး သုံးလုံးရှစ်ဆယ်စား ဖြစ်ပါတယ်။ ဂိုးမရသေးတဲ့ အဲဗာတန်အသင်း အခုအိမ်ကွင်းပွဲမှာ  ဂိုးစရသွားနိုင်ပြီး ကြေးကြောပြန်ပေးလာတဲ့ ဘုန်းမောက်အသင်းကလည်း တိုက်စစ်အားသန်တဲ့ အသင်းမျိုး ဖြစ်တဲ့အတွက် ဂိုးရဖို့ သေချာနေပြီး တစ်ဖက်တစ်ဂိုးစီလောက် မြင်ရနိုင်ပါတယ်။ နှစ်သင်းလုံး အနိုင်ရလဒ်ကို ဦးတည်ကစားပြီးအဆုံးသတ်ပိုကောင်းတဲ့ အသင်းက အနိုင်ရသွားတာမျိုး တွေ့ရနိုင်သလို အပြန်အလှန်သွင်းဂိုးတွေ မြင်ရနိုင်တာကြောင့် ဂိုးပေါ်ရွေးချယ်မှုက အကောင်းဆုံး ဖြစ်ပါတယ်။

◾အစ်ဆွတ်စ် Vs ဖူဟမ်

တန်းတက်အသင်းဖြစ်တဲ့ အစ်ဆွတ်စ် က တိုက်စစ်အားပြုကစားချင်တာမျိုး တွေ့ရပေမဲ့ တိုက်စစ်က ဂိုးမရဘဲ ခံစစ်ပေါက်ပြီး ပေးဂိုးတွေပေးရတာ ပိုများနေပါတယ်။ ဖူဟမ်အသင်းက မန်ယူအသင်းနဲ့ အဝေးကွင်းပွဲမှာ ကစားပုံကောင်းခဲ့သလို လက်စတာအသင်းကိုလည်း အနိုင်ရအောင် ကစားနိုင်ခဲ့တာ တွေ့ရတဲ့အတွက် ဖူဟမ်အသင်းက အမှတ်ရနိုင်တဲ့ပွဲကို အမှတ်ရအောင် ယူနိုင်တာမျိုး တွေ့ရပါတယ်။ ဖူဟမ်အသင်းရဲ့ကစားပုံက ပိုကောင်းတယ်လို့ ပြောလို့ရပြီး ကစားသမားအရည်အသွေးအရလည်း ဖူဟမ်အသင်းက ပိုသာပါတယ်။ ဒီပွဲမှာ ဖူဟမ်အသင်းက ပြားသုံးဆယ်အရှုံးပေးထားပြီး ဂိုးပေါင်းကြေး သုံးလုံးကိုးဆယ်စား ဖြစ်ပါတယ်။ အိမ်ရှင်အစ်ဆွတ်စ်က သရေရအောင် ကစားနိုင်တာမျိုး ဖြစ်နိုင်ပေမဲ့ အနိုင်ရသွားလောက်အောင် စွမ်းဆောင်နိုင်မယ် မထင်ပါဘူး။ ခံစစ်ပြဲလွန်းတဲ့ အစ်ဆွတ်စ်ကို သဘောမကျဘဲ ဖူဟမ်ကသာ အနိုင်ရသွားမယ်ထင်တာကြောင့် ပြားသုံးဆယ်ရင်းပြီး ဖူဟမ်ဘော်ဒီကို ရွေးချယ်ပေးချင်ပါတယ်။

◾ လက်စတာစီးတီး Vs အက်စတွန်ဗီလာ

လက်စတာအသင်းရဲ့ ကစားပုံက အားရစရာကောင်းတဲ့ ပုံစံမျိုးမတွေ့ရသေးဘဲ နည်းပြ စတိတ်ကူးပါးက ဂိုးရဖို့ထက် ဂိုးမပေးရဖို့ အာရုံစိုက်ကစားတာမျိုး တွေ့ရပါတယ်။ အမ်မရီရဲ့ ဗီလာအသင်းကလည်း ခြေစွမ်းအရမ်းကောင်းတဲ့ ပုံစံမျိုး မတွေ့ရသေးဘဲ သာမာန်ထက် နည်းနည်းလောက် ပိုကောင်းတဲ့ ကစားဟန်မျိုးသာ တွေ့ရပါတယ်။ ဒီပွဲမှာ ဗီလာအသင်းက
တစ်လုံးရှစ်ဆယ်စား ပေးထားပြီး ဂိုးပေါင်းကြေး သုံးလုံးခြောက်ဆယ်စား ဖြစ်ပါတယ်။ ဗီလာအသင်းရဲ့ ဘော်ဒီကြေးက ကြေးအောင်ဖို့ခက်တဲ့ ပေါက်ကြေးမျိုး ဖြစ်ပြီး အောက်ကြေးလက်စတာနဲ့ ဂိုးအောက် တစ်ခုခု အောင်နိုင်သလို နှစ်ခုလုံးလည်း အောင်နိုင်ပါတယ်။ နှစ်သင်းလုံးရဲ့ လက်ရှိခြေစွမ်းအရ ဂိုးတွေ အများကြီး သွင်းနိုင်တဲ့ ပုံစံမျိုး မတွေ့ရသလို လက်စတာအသင်းကလည်း ခံစစ်ပိတ်ကစားပြီး ဗီလာအသင်းရဲ့ အမှားကို စောင့်ကစားတာမျိုး တွေ့ရနိုင်တဲ့အတွက် သွင်းဂိုးတွေ အများကြီး မြင်ရဖို့ မလွယ်ကူပါဘူး။ နှစ်သင်းလုံးရဲ့ တိုက်စစ်ကို အားမရဘဲ ထိန်းကစားလာမဲ့ ဒီပွဲမှာ ဂိုးအောက်ရွေးချယ်မှုက အကောင်းဆုံး ဖြစ်ပါတယ်။

◾ နော်တင်ဟန်ဖောရက် Vs ဝုဗ်

ဝုဗ်အသင်းက ကစားပုံ မဆိုးပေမဲ့ ခံစစ်က ပေးဂိုးတွေ အများကြီးပေးနေရတာကြောင့် နည်းပြဂယ်ရီအိုနေး အနေနဲ့ ဒီပွဲမှာ ဂိုးမပေးရဖို့ သေချာပြင်ဆင်လာနိုင်ပါတယ်။ နော်တင်ဟန်ဖောရက်အသင်းက တိုက်စစ်ခံစစ်မျှတဲ့ အသင်းမျိုး ဖြစ်ပြီး တိုက်စစ်က ဂိုးရအောင်သွင်းတတ်သလို ခံစစ်ကလည်း ဂိုးမပေးရအောင် ကစားတတ်ပါတယ်။ သွင်းဂိုးမရသေးသရွေ့ ပေးဂိုးမပေးရအောင် ကစားတတ်သလို ဂိုးရခဲ့ရင်လည်း နောက်တစ်ဂိုးရဖို့ထက် ဂိုးပြန်မပေးရဖို့ အာရုံစိုက်ကစားတဲ့ အသင်းမျိုး ဖြစ်ပါတယ်။ ဒီပွဲမှာ အိမ်ရှင်ဖောရက်အသင်းက ပြားရှစ်ဆယ် အရှုံးပေးထားပြီး ဂိုးပေါင်းကြေး သုံးလုံးရှစ်ဆယ်စား ဖြစ်ပါတယ်။ ဂိုးပေါင်းကြေးအရ ဂိုးပေါ်နိုင်တဲ့ ပေါက်ကြေးမျိုး မဟုတ်သလို ထိပ်တိုက်တွေ့ဆုံမှု နောက်ဆုံးငါးပွဲမှာလည်း တစ်ပွဲသာ ဂိုးပေါ်ထားတာတွေ့ရပါတယ်။ အိမ်ရှင်ဖောရက်အသင်းက ခံစစ်ကောင်းသလို ဝုဗ်အသင်းကလည်း ခံစစ်ကို သေချာ ပြင်ဆင်လာနိုင်တဲ့ အချက်ကြောင့် ဂိုးအောက်ကိုပဲ ရွေးချယ်ပေးချင်ပါတယ်။

◾ဝက်စ်ဟမ်း Vs မန်စီးတီး

မန်စီးတီးအသင်းမှာ ကွင်းလယ်လူရိုဒရီနဲ့ ဖိုဒန်တို့ မပါနိုင်သေးပေမဲ့ နှစ်ပွဲလုံးကြေးအောင်ထားပြီး ဂိုးပြတ်တွေ အနိုင်ရထားပါတယ်။ မန်စီးတီးအသင်းက ကြေးပြင်းရင် ကြေးပြင်းတဲ့အတိုင်း အောင်လေ့ရှိသလို ကြေးပျော့နေရင်လည်း ပျော့တဲ့အတိုင်း ကြေးကျလေ့ ရှိပါတယ်။ ဒီပွဲမှာ မန်စီးတီး ဘော်ဒီကြေး တစ်လုံးခြောက်ဆယ်အရှုံးဆိုတဲ့  ပေါက်ကြေးနဲ့ ဂိုးပေါင်းကြေး သုံးလုံးလေးဆယ် အရှုံးဆိုတဲ့ ပေါက်ကြေးက သံသယဖြစ်စရာကောင်းနေပါတယ်။ ဝက်စ်ဟမ်းအသင်းက တန်ပြန်တိုက်စစ် ကောင်းတဲ့အသင်းမျိုး ဖြစ်ပြီး အိမ်ကွင်းပွဲတွေမှာဆို အသင်းကြီးတွေကို ဒုက္ခပေးတတ်တဲ့ အသင်းမျိုး ဖြစ်ပါတယ်။ ပေါက်ကြေးအရ ဒီပွဲမှာ အိမ်ရှင်ဝက်စ်ဟမ်းအသင်း ဂိုးရသွားနိုင်တဲ့ အနေအထားမျိုး တွေ့ရသလို မန်စီးတီးအသင်းရဲ့ ဘော်ဒီပေါက်ကြေးကို သံသယဝင်နေတာကြောင့်  အိမ်ရှင်ဝက်စ်ဟမ်းအသင်းကို ကြိုက်ပါတယ်။ မန်စီးတီးအသင်း ဂိုးပြတ်ကြီး ထပ်နိုင်မယ်လို့ မထင်ဘဲ တစ်ဂိုးအသာလောက်နဲ့ ကပ်နိုင်သွားမယ်လို့ ယူဆတာကြောင့် အောက်ကြေး ဝက်စ်ဟမ်းအသင်းကိုပဲ ရွေးချယ်ပေးချင်ပါတယ် ။

Leave a Reply

Your email address will not be published. Required fields are marked *