September 19, 2024

ပုံစာ။ အရက်မူး၍ မောင်းနှင်ရာမှ ဖြစ်ပွားသော ယာဥ်တိုက်မှုမြင်ကွင်း (ဓာတ်ပုံ - ရဲသူရိန် ရဲသူရိန်)

၃၁.၈.၂၀၂၄
Written by TZ

ယမန်နေ့ သြဂုတ်လ ၃၀ ရက် ည ၁၁ နာရီခွဲအချိန်တွင် ရန်ကုန်တိုင်းဒေသကြီး၊ စမ်းချောင်းမြို့နယ်၊ မြေနီကုန်းတော်လှန်ရေးပန်းခြံအနီးတွင် ယာဥ်မောင်းသည့်အမျိုးသားတစ်ဦး အရက်မူး၍ ပန်းခြံအနီးရှိ လမ်းလယ်ကျွန်းကို အရှိန်လွန်ဝင်တိုက်မိရာက ယာဥ်မှာပျက်စီးသွားသည့်အပြင် ယာဥ်မောင်းအမျိုးသားနှင့် ယာဥ်ပေါ်လိုက်ပါလာသည့် ချစ်သူအမျိုးသမီးပါ ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

အဆိုပါဖြစ်စဥ်နေရာသို့ စမ်းချောင်းအရန်မီးသတ်တပ်ဖွဲ့မှ လူနာတင်ယာဥ်၊ ကယ်ဆယ်ရေးအထောက်အကူပြုယာဥ်တို့သွားရောက်ပြီးကူညီကာ ဒဏ်ရာရရှိသူနှစ်ဦးကို ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်လိုက်ကြောင်း သိရသည်။

“ချစ်သူနှစ်ယောက်။ မူးလာကြတာ။ အဲ့ဒီမှာ လမ်းလယ်က သစ်ပင်ကို ဝင်တိုက်မိတာ။ ကားလည်းအတော်လေးပျက်စီးသွားတယ်” ဟု စမ်းချောင်းအရန်မီးသတ်တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက MT News သို့ ဖြေကြားသည်။

ယာဥ်တိုက်မှုကြောင့် ယာဥ်မောင်းသူအမျိုးသားမှာ ဦးခေါင်းကွဲဒဏ်ရာနှင့် ၎င်း၏ ချစ်သူကောင်မလေးမှာ ပွန်းပဲ့ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ပုံစာ။ အရက်မူး၍ မောင်းနှင်ရာမှ ဖြစ်ပွားသော ယာဥ်တိုက်မှုမြင်ကွင်း (ဓာတ်ပုံ – ရဲသူရိန် ရဲသူရိန်)

Leave a Reply

Your email address will not be published. Required fields are marked *