September 19, 2024

၃၁.၈.၂၀၂၄
Written By Thandar

အသံဆွဲအားကောင်းကောင်းကြောင့် ပရိသတ်ရဲ့ ချစ်ခင်မှုကို ပိုမိုရရှိနေတဲ့ တေးသံရှင် နီနီခင်ဇော်က ယနေ့ ဩဂုတ် ၃၁ ရက်မှာကျရောက်တဲ့ အသက် ၃၃ နှစ်ပြည့်မွေးနေ့မှာ ပရိသတ်အတွက် “မေတ္တာပို့”သီချင်းလေးတစ်ပုဒ် လက်ဆောင်တင်ပေးထားပါတယ်။

“It’s my birthday. မွေးနေ့ အမှတ်တရဆုတောင်းပေးကြသူများအားလုံးကို ကျေးဇူးတင်ပါတယ်ရှင့်။ သတိရတိုင်း မေတ္တာပို့တယ် သီချင်းလေးပါ။ မွေးနေ့မှာ သီချင်းအသစ်လေးတစ်ပုဒ်ထွက်ထားတာမို့ပါ။ ဒီသီချင်းကိုတော့ YouTube channel နဲ့ other streaming platforms တွေမှာ နားဆင်နိုင်ပါတယ်နော်”လို့ တေးသံရှင် နီနီခင်ဇော်ကပြောပါတယ်။

သူမကတော့ မကြာခင်က အုပ်စိုးခန့်နဲ့အတူ သီဆိုထားတဲ့ “အဆင်မပြေတဲ့ခဏ”သီချင်းသစ်လေး ထွက်ရှိထားသလို “360 Degrees Concert”တေးသီချင်းသီဆို ဖျော်ဖြေပွဲလေးလုပ်ပြီး ကျင်းပထားသူလည်းဖြစ်ပါတယ်။

နီနီခင်ဇော်ရဲ့ “မေတ္တာပို့” Lyrics Video တေးသီချင်းသစ်ကိုတော့ သူ့ရဲ့ Facebook , YouTube https://youtu.be/FErN4EropGQ?si=4KRp3nO245MNJNEb ကနေ နားဆင်နိုင်ပြီလည်းဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *