September 19, 2024

၃၁.၈.၂၀၂၄
Written by TZ

မကွေးတိုင်းဒေသကြီး၊ မကွေးမြို့၊ မြို့ဟောင်းအမှတ် ( ၁) ရပ်ကွက်၊ သီရိဇေယျာလမ်း၊ ဧရာဝတီမြစ်ဆိပ်တွင် အမျိုးသားတစ်ဦး မြစ်ဆိပ်ဘေးသို့ အလေးသွားစွန့်ရာမှ မြစ်ထဲသို့ပြုတ်ကျ၍ သေဆုံးသွားကြောင်း သိရသည်။

ရေနစ်သေဆုံးသူ ကိုအောင်ဆန်းဦးမှာ ဧရာဝတီမြစ်ကမ်းဘေး နေထိုင်သူဖြစ်ပြီး သြဂုတ် ၃၀ ရက် ညနေခင်းအချိန်တွင် မြစ်ဆိပ်ဘေးသို့ အလေးသွားရောက်စွန့်ရင်း မြစ်ထဲသို့ပြုတ်ကျခဲ့ကြောင်း ဒေသခံများ၏ ပြောပြချက်အရ သိရသည်။

“သူက အရက်လည်းဖြတ်ထားတာ။ အလေးစွန့်ရင်း မြစ်ထဲ ပြုတ်ကျတာ။ မကွေးမီးသတ်စခန်း ရေငုပ်အဖွဲ့က ရှာတော့ အလောင်းတွေ့တယ်” ဟု ဧရာဝတီမြစ်ဆိပ်တွင် နေထိုင်သူတစ်ဦးက MT News သို့​ ပြောသည်။

ရေနစ်သေဆုံးသည့် အသက် ၃၂ နှစ်အရွယ် ကိုအောင်ဆန်းဦး၏ ရုပ်အလောင်းကို ပရဟိတမင်းခေါင်ရှာဖွေကယ်ဆယ်ရေးအဖွဲ့က မကွေးပြည့်သူ့ဆေးရုံကြီး ပြင်ပလူနာဌာနမှတစ်ဆင့် ရင်ခွဲရုံသို့ ပို့ဆောင်လိုက်ကြောင်း သိရသည်။

Photo – Zaw Naing

Leave a Reply

Your email address will not be published. Required fields are marked *