September 19, 2024

၃၁.၈.၂၀၂၄
Written by KL

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ အောင်ပန်းမြို့၊ ရွာသစ်ရပ်ကွက်တွင် သြဂုတ်လ ၃၀ ရက်၊ ညနေ ၄ နာရီခန့်က ကျောင်းမှပြန်လာသော အသက် ၇ နှစ်အရွယ် မိန်းကလေးငယ်မှာ အိမ်လှေကားပေါ်မှခြေချော်ကာ ရေမြောင်းမှတဆင့် ရေကန်ထဲကျ၍ ရေနစ်သေဆုံးခဲ့ကြောင်း ကယ်ဆယ်ရာတွင် ပါဝင်သည့် အောင်ပန်း နာရေးကူညီမှုအသင်းထံမှ သိရသည်။

မိန်းကလေးတစ်ဦး ရေနစ်နေသည်ဟု သတင်းရရှိ၍ အောင်ပန်းနယ်မြေမီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဥ် ၁ စီး၊ ကယ်ဆယ်ရေးအဖွဲ့ဝင်များနှင့် အောင်ပန်းနာရေးကူညီမှု အသင်းမှအသင်းဝင်များနှင့် ရပ်ကွက်နေသူများက ပူးပေါင်းရှာဖွေခဲ့ရာ တစ်နာရီအကြာတွင် သေဆုံးနေသည့် မိန်းကလေးငယ်၏ရုပ်အလောင်းကို ပြန်လည်တွ့ရှိခဲ့ကြောင်းသိရသည်။

“အခုဖြစ်သွားတဲ့အိမ်က မိုးနည်းနည်းကြီးရင် ရေဝပ်တယ်။ကလေးကို သူ့ဘကြီးက ကျောင်းကြိုပြီး အိမ်အဝင်တံတားအမှိုက်ခံနေလို့ သူ့ဘကြီးက အမှိုက်ဆယ်တုန်းဖြစ်သွားတာပါ”ဟု ဒေသခံတစ်ဦးက ပြောသည်။

ရေနစ်သေဆုံးသည့် မိန်းကလေးငယ်၏ ရုပ်အလောင်းကို အောင်ပန်း​ပြည်သူ့ဆေးရုံ၊ ရင်ခွဲရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း အောင်ပန်း နာရေးကူညီမှုအသင်းထံမှ သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *